Related Posts Plugin for WordPress, Blogger...


မယ်စကြ၀ဠာပြိုင်ပွဲဝင်ရန် ထိုင်းအလှမယ်အဖြစ် ရွေးချယ်ခံထားရသည့် ၀ီလုရီဒိသာယာဘတ် (၂၂ နှစ်) သည် ဖြုတ်ချခံလိုက်ရသော ယင်လက် အစိုးရအဖွဲ့အား ထောက်ခံသူများကို ကွပ်မျက် သင့်ကြောင်း တောင်းဆို ခဲ့သည်ဟု လူမှုရေး မီဒီယာတစ်ခုတွင် ပျံ့နှံ့ခဲ့ပြီးနောက် ဇွန် ၉ ရက်တွင် ထိုင်းအလှမယ်သရဖူကို စွန့်လွှတ်လိုက်ကြောင်း သိရသည်။
မယ်စကြ၀ဠာပြိုင်ပွဲ၌ ထိုင်းနိုင်ငံကို ကိုယ်စားပြုကာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည့် အခွင့်အရေးကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အွန်လိုင်းပေါ်မှ ဝေဖန်မှုများစွာတို့က သူ၏မိသားစုကို စိတ် ထိခိုက်စေသောကြောင့်ဖြစ်ကြောင်း ထိုင်းအလှမယ်က ပြောကြားခဲ့သည်။
သူသည် လွန်ခဲ့သည့် လအနည်းငယ်က ဖေ့စ်ဘွတ်တွင် ယင်လက် အစိုးရ အဖွဲ့ကို ထောက်ခံသည့် ရှပ်နီများကို ရည်ညွန်းလျက် “အဲဒီ မကောင်း ဆိုးရွား တက်ကြွလှုပ်ရှားသူတွေကို ကျွန်မအရမ်းဒေါပွတယ်။ သူတို့ကို ကွပ်မျက် ပစ်သင့်တယ်။ ဘုရင်ကို ဖြုတ်ချချင်တဲ့ ရှင်တို့လိုလူတွေကြောင့် ထိုင်းနိုင်ငံမှာ အမည်းစက် စွန်းထင်းရတယ်။ လူယုတ်မာတွေ၊ ရှင်တို့အိပ်ရာထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း သေသွားလိမ့်မယ်” ဟု ရေးသားခဲ့သည်။
သူ့အား လူမှုရေးမီဒီယာ အသုံးပြုသူများက အလျင်အမြန် ဒေါသ တကြီး ပြန်လည်ပြစ်တင် ဝေဖန်ခဲ့သည်။ ယင်းနောက် သူက သူ၏ရေးသားချက်များကို ပြန်လည်ဖြုတ်ချခဲ့သည်။ နိုင်ငံရေး သဘောထား ကွဲလွဲမှု ပြင်းထန်နေသော ထိုင်းနိုင်ငံတွင် တစ်ဖက်မှရေးသားသည့် မည်သည့်နိုင်ငံရေး မှတ်ချက်မျိုးမဆို အခြားတစ်ဖက်ကို အကြီးအကျယ် ဒေါသထွက်စေလိမ့်မည်ဟု ဆိုသည်။
ထိုင်းအလှမယ်၏ ရေးသားချက်ကို တုံ့ပြန်သောအားဖြင့် ဖေ့စ်ဘွတ်နှင့်တွစ်တာ အသုံးပြုသူများက သူ၏ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို ထိုးနှက်တိုက်ခိုက် မှုများ ပြုလုပ်ခဲ့ကြသည်။
သူအား ဆန့်ကျင်သည့် မှတ်ချက်တစ်ခု၌ “သူဟာ လမ်းလျှောက်နေတဲ့ ဘီယာစည်ပိုင်းပဲ” ဟု ရေးသား ထားသည်။ အခြားမှတ်ချက်တစ်ခု၌ “သူ့ခန္ဓာကိုယ်၊ သူ့မျက်နှာနဲ့ သူ့အမူအရာက သရဖူနဲ့ မသင့်တော်ပါဘူး” ဟု ရေးသားထားသည်။
ထင်ရှားသည့် ရုပ်ရှင်မင်းသမီး တစ်ဦးလည်းဖြစ်သော ၀ီလုရီက ဇွန် ၉ ရက်တွင် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ရာ၌ “ကျွန်မကို ရေးသားခဲ့တဲ့ မှတ်ချက်တွေက အရမ်းကို ပြင်းထန်လွန်းပါတယ်။ စိတ်မကောင်းပါဘူးလို့ ပြောချင်ပါတယ်။ ကျွန်မက လူသိများ ထင်ရှားတဲ့ သူတစ်ယောက်ဆိုတာ ကျွန်မနားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မအမေ စိတ်ညစ်နေတာ မြင်ရတော့ သမီးတစ်ယောက်အနေနဲ့ ကျွန်မလည်း မပျော်ရွှင်နိုင်ပါဘူး။ ဒါကြောင့် ဒီကနေ့မှာ ထိုင်းအလှမယ်အဖြစ်နဲ့ မယ်စကြ၀ဠာပြိုင်ပွဲ ၀င်ဖို့ကနေ နုတ်ထွက်လိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။
ယခုနှစ် အနှောင်းပိုင်းတွင် ပြုလုပ်မည့် မယ်စကြ၀ဠာပြိုင်ပွဲအတွက် သူ၏နေရာ၌ မည်သူ့ကို အစားထိုး ရွေးချယ်မည်ကို ချက်ချင်းကြေညာခြင်း မပြုသော်လည်း ထိုင်းမယ်စကြ၀ဠာ ရွေးချယ်ရေးအဖွဲ့က “နောင်ဆိုရင် ပြိုင်ပွဲဝင်တွေရဲ့ အမူ အကျင့်ကို သေသေချာချာ စိစစ်ရမယ့်အပြင် သူတို့ရဲ့ လူမှုရေး မီဒီယာတွေကိုပါ စစ်ဆေးရတော့မယ်” ဟု ပြောကြားခဲ့သည်။
ထိုင်းအလှမယ် ၀ီလုရီဒိသာယာဘတ် သတင်းစာရှင်းလင်းပွဲ၌ ငိုကြွေးနေစဉ် (Photo:AFP)
ထိုင်းအလှမယ်ဆု ရရှိခဲ့ပြီးနောက် ဘန်ကောက်၌ မေ ၁၇ ရက်က ရိုက်ကူးခဲ့သော ဓာတ်ပုံတွင် တွေ့ရသည့် ၀ီလုရီဒိသာယာဘတ် (Photo:AFP)
Ref:AFP

Posted by Unknown on 6/11/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ