Related Posts Plugin for WordPress, Blogger...

ရန်ကုန်၊ ဇွန် ၇

မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဇွန်လ ၇ ရက်တွင် ထုတ်ပြန်လိုက်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းတွင် အင်းစိန် ဗဟိုအကျဉ်းထောင်တွင်းမှ ဝင်ရောက်ဖြေဆိုသည့် လူငယ်အကျဉ်းသား နှစ်ဦး ပါဝင် အောင်မြင်ခဲ့ကြောင်း အဆိုပါ အကျဉ်းထောင်ထံမှ သိရသည်။

၂၀၁၃- ၁၄ ပညာသင်နှစ်တွင် အင်းစိန် ဗဟိုအကျဉ်းထောင်၊ အလက ၁၃ ကျောင်းခွဲမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အကျဉ်းသား ခုနစ်ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ မောင်ဟိန်းထက် (ခုံအမှတ်- ဆအစ ၅၆၉၇) နှင့် မောင်မျိုးညွန့်ဦး (ခုံအမှတ်- ဆအစ ၅၇၀၆) တို့ နှစ်ဦး အောင်မြင်ခဲ့ကြောင်း အဆိုပါ အကျဉ်းထောင် တာဝန်ခံအရာရှိက ပြောကြားသည်။

အဆိုပါ လူငယ်အကျဉ်းသား နှစ်ဦးသည် လုယက်မှုဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လတွင် ထောင်ဒဏ် ငါးနှစ်စီ ကျခံနေရသူများ ဖြစ်ပြီး ဝိဇ္ဇာဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်ခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“နှစ်ယောက်စလုံးက အမှုတွဲ တစ်ခုတည်း သူတွေပါပဲ။ မနှစ်တုန်းကလည်း ငါးယောက် ဖြေတယ်။ ဒါပေမဲ့ တစ်ယောက်မှ မအောင်ဘူး” ဟု အကျဉ်းထောင် တာဝန်ခံ ဦးကျော်ဌေးက ဆိုသည်။

နိုင်ငံတော်သမ္မတ၏ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် လေးပုံတစ်ပုံ လျှော့ရက် အပါအဝင် အခြားခံစားခွင့် လျှော့ရက်များကြောင့် အကျဉ်းကျခံရန် တစ်နှစ်ကျော် ကျန်ရှိနေသေးသူများ ဖြစ်ကြောင်း အဆိုပါ အကျဉ်းထောင် တာဝန်ရှိသူများက ဆိုသည်။

ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့၏ ပူးပေါင်း အစီအစဉ်ဖြင့် အကျဉ်းထောင် အတွင်းတွင် စာသင်ကျောင်း ဖွင့်လှစ်ကာ အကျဉ်းကျ လူငယ်များကို စာသင်ကြားပေးခြင်းကို ၂၀၁၀ ပြည့်နှစ်ကတည်းက စတင်ခဲ့ပြီး ယခု တက္ကသိုလ်ဝင်တန်း အောင်မြင်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

၂၀၁၄-၁၅ ပညာသင်နှစ်အတွက် လက်ရှိ အင်းစိန် ဗဟိုအကျဉ်းထောင် အလက (၁၃) ကျောင်းခွဲတွင် သူငယ်တန်းမှ ဒသမတန်း (တက္ကသိုလ်ဝင်တန်း) အထိ လူငယ်အကျဉ်းသား ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၁၂၁ ဦး ရှိပြီး အဆိုပါကျောင်းကို သီးခြား စာစစ်ဌာနအဖြစ် သတ်မှတ်ပေးထားကြောင်း ဦးကျော်ဌေးက ပြောကြားသည်။

“ဒီနှစ်အတွက် ဆိုရင် အခုကျတဲ့ ငါးယောက်ရယ်၊ ဒီကျောင်းက ကိုးတန်း အောင်ထားတာ နှစ်ယောက်ရယ်၊ ပြီးတော့ နောက်ထပ် အကျဉ်းကျ လူငယ် သုံးယောက်ရယ် အားလုံး ၁၀ ယောက် ရှိမယ်။ အောင်တဲ့ သူတွေကိုလည်း အဝေးသင် ဆက်တက်နိုင်ဖို့ ဆက်လုပ်ပေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ အကျဉ်းထောင်တွင်း စာပေသင်ကြားခြင်းကို အကျဉ်းကျ ပညာတတ်များက အဓိက သင်ကြားပေးခြင်း ဖြစ်ပြီး စနေနှင့် တနင်္ဂနွေနေ့ ရက်များတွင် ပြင်ပ စာသင်ကျောင်းများမှ အစိုးရပညာရေး ဝန်ထမ်းများက လာရောက် သင်ကြားပေးကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ရှိသူများထံမှ သိရသည်။

The Voice Weekly

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ