Related Posts Plugin for WordPress, Blogger...

ခရီးသည်တင် ယာဉ် နှစ်စီးအပြိုင်မောင်းနှင်ရာမှ တစ် ဖက်ယာဉ်ကြောတွင် မောင်းနှင် လာသော ဆိုင်ကယ်ကို ၀င်တိုက် မိရာ ဆိုင်ကယ်ပေါ်မှ အသက် နှစ်ဆယ်ဝန်းကျင် လူငယ်နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခရီးသည် တင်ယာဉ်ပေါ်ပါ ခရီးသည် ဆယ် ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ဇွန်လ ၇ ရက် နံနက် ၈ နာရီ ခွဲအချိန်ခန့်က ဇလွန်မြို့နယ် မေရီလန်းကျေးရွာအနီး ဟင်္သာတ- ရန်ကုန်ကားလမ်းမိုင်တိုင်အမှတ် ၂၉/၆နှင့် ၂၉/၇ အကြား ဟင်္သာ တမှ ရန်ကုန်သို့မောင်းနှင်လာ သော စိန်နိုင်ကျော်ခရီးသည်တင် ယာဉ်သည် အခြားခရီးသည်တင် ယာဉ်တစ်စီးနှင့် အပြိုင်မောင်းနှင် လာရာ တစ်ဖက်လမ်းကြောမှ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ၀င်တိုက်ခဲ့၍ ဆိုင်ကယ်ပေါ်တွင် ပါလာသော လူငယ်နှစ်ဦးမှာ အခင်းဖြစ်ပွားသည့် နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

ယာဉ်တိုက်မှုကြောင့် ခရီး သည်တင်ယာဉ်ပေါ်မှ ခရီးသည် ဆယ်ဦး ဒဏ်ရာရရှိပြီး အမျိုး သားနှစ်ဦးမှာ အပြင်းအထန်ဒဏ် ရာရရှိခဲ့သောကြောင့် ဇလွန်ဆေး ရုံသို့တင်ပို့ခဲ့ရသည်။ ဒဏ်ရာအနည်း ငယ်သာရရှိသည့် အမျိုးသား လေးဦးနှင့် အမျိုးသမီးလေးဦးကို မူ ကျုံရှတိုက်နယ်ဆေးရုံသို့တင် ပို့ခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးခဲ့သည့် လူငယ် နှစ် ဦးသည် ဓနုဖြူမြို့တွင် တက္က သိုလ်ဝင်တန်း အောင်စာရင်း လာရောက်ကြည့်ရှုပြီး ပြန်လာစဉ် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်နိုင် သည်ဟု ဒေသခံအချို့က ဆိုသော် လည်း 7 DAY DAILY က ဇလွန် မြို့နယ် ရဲစခန်းသို့ မေးမြန်းရာ အတည်ပြုချက်မပေးခဲ့ပေ။

Author: ဇွဲဉာဏ်
7Day Daily

ကားနှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်သမားနှစ်ဦးသေဆုံးသည့် ဓါတ်ပုံများကြည့်ရန် ဒီနေရာကို နှိပ်ပါ (သတိ / သွေးလန့် တက်သူများ မကြည့်ရ)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ