Related Posts Plugin for WordPress, Blogger...



Wednesday, June 4, 2014

အဘူဂျာ- ဘိုကိုဟာရမ်စစ်သွေးကြွများသည် နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ဘော်နိုပြည်နယ်ရှိ ကျေးရွာများကို ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ လူဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်ဟု ဘီဘီစီသတင်းကဖော်ပြသည်။

ဒေသခံလွှတ်တော်အမတ်တစ်ဦးက တိုက်ခိုက်မှုကိုအတည်ပြုပေးခဲ့ပြီး အနည်းဆုံးရွာငါးရွာတိုက်ခိုက်ခံခဲ့
ရသည်ဟု ပြောကြားသည်။ နိုင်ဂျီးရီးယားစစ်တပ်မှ လူအချို့သည် စစ်သွေးကြွများကိုအကူ အညီပေး၍ တရားစွဲဆိုခံထားရသည်ဟူသောသတင်းများကို စစ်တပ်က ငြင်းပယ်ခဲ့သည်။

ဘိုကိုဟာရမ်သူပုန်များသည် နိုင်ဂျီးရီးယားနိုင်ငံတွင်အစ္စလာမ်မစ်ပြည်နယ်တစ်ခုတည်ထောင်ရန် ၂၀၀၉ ခုနှစ်ကတည်းက ဆူပူသောင်းကျန်းမှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ ကင်မရွန်း နယ်စပ်နှင့်အနီး အက်တာဂါရာကျေးရွာမှဒေသခံများက လက်နက်ကိုင်အမျိုးသားများသည် ၎င်းတို့အား ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း စုဝေးရန်အမိန့်ပေးခဲ့ပြီး သေနတ်များဖြင့်ပစ်ခတ်ခဲ့သည် ဟုပြောသည်။

ဘော်နိုပြည်နယ်ရှိကျေးရွာအချို့၌လည်း အလားတူတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အိမ်များစွာဖျက်ဆီးခံခဲ့ရသည်
ဟုနိုင်ဂျီးရီးယားလွှတ်တော်အမတ်ပီတာဘိုင်းက ဘီဘီစီသတင်းသို့ပြောသည်။ တိုက်ခိုက်မှုများ၏နောက်ကွယ်တွင် ဘိုကိုဟာရမ်အဖွဲ့ရှိနေသည်ဟု စွပ်စွဲခံထားရပြီး ၎င်းတို့သည် ယခုအချိန်အထိ ကျောင်းသူ ၂၀၀ ကျော်ကိုဖမ်းဆီးထားဆဲဖြစ်သည်။

နိုင်ဂျီးရီးယားစစ်ဗိုလ်ချုပ် ၁၀ ဦးနှင့် အခြားသောစစ်တပ်အကြီးအကဲငါးဦးတို့သည် ဘိုကိုဟာရမ်အဖွဲ့ကို အကူအညီပေးနေသည်ဟူ၍ စွပ်စွဲခံထားရကြောင်း ဇွန်လ ၃ ရက်တွင် နိုင်ဂျီးရီးယားမီဒီယာများကဖော်ပြသည်။ စစ်တပ်မှအရာရှိများသည် စစ်ခုံရုံးတွင် အမှုရင်ဆိုင်ခဲ့ရပြီး ဘိုကိုဟာရမ်အဖွဲ့အား လက်နက်များနှင့် သတင်းများပေးနေသည်ဟု ပြစ်မှုထင်ရှားကြောင်း နိုင်ဂျီးရီးယားသတင်းများကဖော်ပြသည်။ သို့ရာတွင် နိုင်ဂျီးရီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူက ယင်းသတင်းများကို ပြတ်ပြတ်သားသားငြင်းပယ်ခဲ့ပြီး စစ်တပ်၏ပုံရိပ်ပျက်စီးစေရန်ဖန်တီးထား သောသတင်းမှားများဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဘိုကိုဟာရမ် စစ်သွေးကြွများ (AFP)
7Day Daily

Posted by Unknown on 6/04/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ