Related Posts Plugin for WordPress, Blogger...

 ဗိုင်ဘာ အသုံးပြုကာ မိသားစု မိတ်ဆွေသူငယ်ချင်းများထံ ဖုန်းခေါ်ဆိုခြင်း၊ မက်ဆေ့ခ်ျနှင့် ဓာတ်ပုံများ ပေးပို့နိုင်ခြင်းတို့ ပြုလုပ်နိုင်မည်ဖြစ်ပြီး အင်တာနက်ဆက်သွယ်ခသာ ကုန်ကျမည်ဖြစ်သည်။ ဓာတ်ပုံ - ယုယု 
တစ်ဦးနှင့်တစ်ဦး အင်တာနက်ကတစ်ဆင့် ဆက်သွယ်နိုင်သည့် ဗိုင်ဘာ (Viber)
အက်ပလီကေးရှင်းအသုံးပြုမှု မြန်မာနိုင်ငံ၌တွင်ကျယ်လာရာ ယခုအခါ မြန်မာနိုင်ငံတွင်
ဗိုင်ဘာသုံးစွဲသူ ၃ ဒသမ ၈ သန်းရှိနေပြီးဖြစ် ကြောင်း ဗိုင်ဘာ၏ အမှုဆောင်အရာရှိချုပ်
Talmon Marco က မြန်မာတိုင်း(မ်)ကို ပြောသည်။

ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင်ဗိုင်ဘာအသုံးပြုသူ သန်း ၃၅၀ ခန့်ရှိပြီး မြန်မာ နိုင်ငံသည်
ဗိုင်ဘာအတွက် အဓိကအရေးပါ သော ဈေးကွက်တစ်ခုဖြစ်ကြောင်း ၎င်းက ပြောသည်။

"မြန်မာနိုင်ငံကို ဒီနှစ်အစောပိုင်းက အလည်ရောက်တဲ့အခါမှာ မြန်မာနိုင်ငံမှာ ဗိုင်ဘာသုံးစွဲမှု
ဦးဆောင်နေတာကိုတွေ့ လိုက်ရတယ်။ ဒါကြောင့် ဗိုင်ဘာအတွက် မြန်မာနိုင်ငံက အဓိကဈေး
ကွက်ဖြစ်နေပါတယ်" ဟု Talmon Marco က ပြောသည်။

"ဆက်လက်ပြီး အသစ်အသစ်သော လုပ်ဆောင်မှုအသစ်တွေကို ဆက်လက် တီထွင်နေတယ်။
ဘာကြောင့်လဲဆိုတော့ ဗိုင်ဘာ အသုံးပြုသူတွေအနေနဲ့ သူငယ်ချင်း တွေ၊ မိသားစုတွေ၊ အလုပ်
နဲ့ပတ်သက်တဲ့ သူတွေနဲ့ ပျော်ရွှင်စွာ စိတ်လှုပ်ရှားစရာ နည်းလမ်းတွေနဲ့ ဆက်သွယ်နိုင်အောင်
အသစ်အသစ်တွေကို ဖန်တီးနေပါတယ်" ဟု ၎င်းက ပြောသည်။ ဗိုင်ဘာဖြင့် ချိတ်ဆက်ပြီး
ပြည်တွင်း၊ ပြည်ပ ရှိ မိမိမိတ်ဆွေသူငယ်ချင်းများထံ ဖုန်းခေါ်ဆို ဆက်သွယ်နိုင်ခြင်း၊ မက်ဆေ့ခ်ျ
ပို့နိုင်ခြင်း အပြင် ဓာတ်ပုံများလည်း ပေးပို့နိုင်ကာ အင်တာနက်အသုံးပြုခသာကုန်ကျမည် ဖြစ်
သည်။

အန်းဒရိုက်စနစ်သုံး ဟန်းဆက်ဖြင့် ဗိုင်ဗာ အက်ပလီကေးရှင်းကိုအသုံးပြုသူ မရတနာ က
"ဗိုင်ဘာရဲ့ အားသာချက်က ကိုယ်ကတစ်ယောက်ယောက်ကို မက်ဆေ့ခ်ျပို့ထားရင်
ဒီမက်ဆေ့ခ်ျကို လက်ခံရရှိတဲ့သူက မက်ဆေ့ခ်ျ ကို ဖတ်လား မဖတ်ဘူးလားဆိုတာ
သိနိုင် တယ်။ ဗိုင်ဗာကမဟုတ်ဘဲ ရိုးရိုးသာမန် ဖုန်းလိုင်းနဲ့ မက်ဆေ့ခ်ျပို့ရင် လက်ခံရရှိတဲ့
သူက ဖတ်လား မဖတ်လားမသိနိုင်ဘူး။ ဒါပေမဲ့ ဗိုင်ဗာက ကွန်နက်ရှင်မကောင်းရင် တော့
အသုံးပြုရတာတော့ နည်းနည်းခက်ခဲ တယ်" ဟု ပြောကြားသည်။

"ဗိုင်ဘာနဲ့ ချက်တာက သိပ်ပြီး ဖုန်းဘေလ် ကို မထိခိုက်ဘူး။ ဒီတိုင်းဖုန်းပြောမယ်ဆိုရင် တစ်မိနစ်
ကို ကျပ် ၅၀ လောက်ကုန်တယ်။ နောက်ပြီး ဗိုင်ဘာက ချက်ရုံလောက်ဆိုရင်တော့ အင်တာနက်
လိုင်းအရမ်းကောင်းဖို့ မလိုဘူး။ ဒါပေမါံလည်း အင်တာနက်ကွန်နက် ရှင်အရမ်းနှေးနေရင်တော့
သုံးရတာ အဆင် မပြေဘူး။ ဓာတ်ပုံတို့ အန်နီမေးရှင်းတွေ ပို့ချင်ရင်တော့ အင်တာနက် ကွန်နက်
ရှင် ကောင်းမှ ပို့လို့ရမယ်။ အခုဆို ကျွန်တော့် သူငယ်ချင်းတွေနဲ့ ဆက်သွယ်ရင် ဗိုင်ဘာနဲ့ပဲ
ဆက်သွယ်တာ များတယ်" ဟု ကိုကျော်မျိုးက ပြောသည်။

"ဗိုင်ဘာအသေုံးပြုတာက ကိုယ့်ရဲ့ အချက်အလက်တွေကို ခိုးယူလို့ မရဘူး။ ဥပမာ - ဂျီမေးလ်တို့၊
ဖေ့ဘွတ်ခ်တို့ အခိုးခံရတာတွေရှိ တယ်။ ဗိုင်ဘာက ကိုယ်ပိုင်ကုတ်နံပါတ်နဲ့ဆို တော့ အခိုးခံရလဲ
ဗိုင်ဘာကို ပြန်ပြီး Deactivate လုပ်ပြီး အသစ်ပြန်လုပ်ရင် နောက်ကုတ် နံပါတ် အသစ်ကိုရတဲ့
အတွက်ကြောင့် ဗိုင်ဘာအသုံးပြုတာဟာကိုယ့်ရဲ့ အချက် အလက်တွေအတွက် လုံခြုံစိတ်ချမှု
ရှိပါတယ်" ဟု ဗိုင်ဘာအသုံးပြုသူတစ်ဦးဖြစ်သည့် မမြက ပြောသည်။

ဗိုင်ဘာသည် Window8 စနစ်သုံးမိုဘိုင်း ဖုန်းများတွင် ဗားရှင်း ၄ ဒသမ ၁ (၄.၁) ကို အသုံးပြုနိုင်
ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က စင်ကာပူနိုင်ငံ၌ စတင်မိတ်ဆက် ခဲ့ပြီး ဗိုင်ဘာ၏
နောက်ဆုံးပေါ်နည်းပညာဖြစ် သော လငဘနမ သကအ ကို စတင်အသုံးပြုနိုင်အောင် လည်း
ဆောင်ရွက်ပေးခဲ့သည်။

Aung Kyaw Nyunt  /  မြန်မာတိုင်း(မ်)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ