Related Posts Plugin for WordPress, Blogger...

ချင်းပြည်နယ်မတူပီမြို့နယ်၊ ရေဇွာမြို့ အခြေစိုက် ဗိုလ်မှူးအောင်သူဝင်း ဦးဆောင်သည့် ခလရ (၂၆၉) မှ ကိုယ်ပှိုင် အမှတ် တသ- ၃၇၁၈၅၀ ဖြစ်သူ တပ်သား မျိုး သူရကျော် က အိမ်ထောင်ရှင် အမျိုးသမီးတဦးအား ယခုလ ဇွန် ၁၀ ရက် နေ့က အဓမ္မ ပြုကျင့်ရန်ကြံစည်ခဲ့သည်။

အဆိုပါ အမျိုးသမီးသည် တောင်ယာသို့ အသွား တောင်ယာလမ်းဘေး သစ်ပင်အောက် တွင် အရက်မူးပြီး အိပ်နေ ကြသည့် စစ်သားနှစ်ဦးထဲက တပ်သား မျိုးသူရကျော် ဆိုသူက ထလာပြီး  အဓမ္မပြုကျင့်ရန် ကြံစည် ခဲ့ခြင်းဖြစ်သည်။

” သူ့ အဖော်စစ်သားက အရက်မူးပြီး အိပ်နေပုံရတယ်၊ ထိုစဉ်မှာ တပ်သားမျိုးကျော်သူရကျော်က အမျိုးသမီး နောက် ကိုလိုက်ပြီး လှဲလိုက်တယ်၊ အမျိုးသမီးက ရုန်းတော့ အမျိုးသမီးကို လက်သီး၊ ပေါက်တူးနဲ့ ထုရိုက်တယ်၊ အဲဒါကို တောင်ယာသွားတဲ့ ရွာသားတွေက မြင်လို့ အချိန်မှီ ကယ်တင်လိုက်တာပါ” ဟု ဒေသခံတဦးက ပြောသည်။

အမျိုးသမီးသည် စစ်သား၏ နှိပ်စက်ဒါဏ်ကြောင့်  ကျောပြင်များ ယောင်ကိုင်းနေပြီး မျက်ခုံးတွင် ပြင်းထန်စွာ ဒါဏ်ရာ ရရှိခဲ့ကြောင်း ရေဇွာပြည်သူ့ဆေးရုံတွင် အတွင်း လူနာအဖြစ် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ဒါဏ်ရာကြောင့် အသက်အန္တရာယ် မစိုးရိမ်ရပေမဲ့ အမျိုးသမီးဟာ နှလုံးရောဂါ အခံရှိသူဖြစ်သောကြောင့် တခါတခါ သွေး လန့်တာမျိုးတွေရှိကြောင်း ဆက်ဆိုသည်။

တပ်သားမျိုးသူရကျော်ကို နယ်မြေခံရဲများက ထိန်းသိမ်းထားခဲ့ရာမှ နယ်မြေခံ တပ်ရင်းမှူးက တရားခံအား  မတူပီသို့ ပို့ထားကြောင်း ၊ ချင်းပြည်နယ် ပြည်နယ်ထွေအုပ်ရုံး၊ မင်းတပ်ခရိုင်ရုံးမှ အမှုတွဲကို  တောင်းခံနေပြီဖြစ်ကြောင်း သိရ သည်။

ယခင် စစ်အစိုးရအုပ်ချုပ်ရေးကာလတွင် ရေဇွာမြို့ပေါ်၌ ယခုလို အဖြစ်မျိုး အများအပြားရှိခဲ့ဖူးသော်လည်း ပြည်သူ တွေက စစ်သားတွေကို ကြောက်လန့်နေခြင်း၊ အမှုလုပ် ဖို့ငွေကြေးမတတ်နိုင်ခြင်း၊ တစ်ရှက်မှ နှစ်ရှက်ဖြစ်မှာ စိုးရိမ် နေခြင်း တို့ကြောင့် အမှုငြိမ်သွားသည်များရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၀၄-၁၅ ခုနှစ်အတွင်း  ၁၄ နှစ်အရွယ် မိန်းကလေးငယ်အား စစ်သားတစ်ဦးမှ  အဓမ္မပြုကျင့်ရန်ကြိုး စားဖူး ကြောင်း ရဲစခန်းအတွင်းရဲဝန်ထမ်းတဦးက ရွားသား တစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သို့သော် အရေးယူဆောင်ရွက်မှုမရှိကြောင်း မြို့မိမြို့ဖ တဦးက ပြောသည်။

Khonumthung News Group.

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ