Related Posts Plugin for WordPress, Blogger...

(နိရဉ္စရာ- ၁၁ ဇွန်လ ၂၀၁၄)/အေးသွယ်လှိုင်
Women-development Arakan
တင်နီလာဝင်း (ကျောက်ဖြူ)
ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဦးဆောင်ပြီး အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း အခြေခံ ပညာ (၃)လသင်တန်းကို တစ်ခုကို ဖွင့်လှစ် ပို့ချ နေကြောင်း သတင်းရရှိသည်။
သင်တန်းကို ကျောက်ဖြူအထက(၃) ကျောင်းတွင် ၂၀၁၄ ခုနှစ်မေလ(၅)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး လာမည့် သြဂုတ်လ(၁၅)ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
ယင်းသင်တန်းတွင် ကျောက်ဖြူမြို့နယ်မှ သင်တန်းသူ အမျိုးသမီး(၈၇)ဦး တက်ရောက်သင်ကြားနေကြောင်း၊ ယင်းသင်တန်းသူများအား စက်ခြုပ်ပညာအပါဝင် အိမ်တွင်းမှုအခြေခံပညာ ဘာသာရပ်(၁၇)မျိုးကို သင်တန်း နည်းပြဆရာမ(၄)ဦးဖြင့် သင်ကြား ပို့ချပေးနေကြောင်း ကျောင်းအုပ်တာဝန်ယူထားသူ ဒေါ်အေးအေးသောင်းမှ နိရဉ္စရာသို့ပြောသည်။
“အဓိကတော့ စက်ခြုပ်တာသင်တာပေါ့။ သင်တန်းသူက (၈၇)ယောက်ပါ။ကျောက်ဖြူနယ်က သင်တန်းသူ တွေကို ဦးစားပေးခေါ်ယူခဲ့ပါတယ်။ ဒေသဖွံ့ဖြိုးရေးနဲ့ ဒီဒေသကလူတွေ အလုပ်အကိုင်ရရှိရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်ထားတာပါ”ဟု သူမကဆိုသည်။
ယခု သင်တန်းပြီးဆုံးပါက သင်တန်းသူတစ်ဦးလျှင် အပ်ခြုပ်စက်တစ်လုံးစီ ပေးအပ်ထောက်ပံ့သွားမည် ဖြစ်ကြောင်း သင်တန်းဆရာမများက ပြောဆိုသည်။
အမျိုးသမီး အိမ်တွင်းမှုပညာသင်တန်းများကို မြန်မာနိုင်ငံတွင် (၃၇)ကြိမ်ဖွင့်လှစ်ပြီးဖြစ်ရာ ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် စစ်တွေမြို့တို့တွင်လည်း ဆက်လက်ဖွင့်လှစ်သွားဦးမည်ဖြစ်ကြောင်း သိရသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ