Related Posts Plugin for WordPress, Blogger...

ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆွေးနွေး ဟောပြောပွဲနဲ့ လက်မှတ်ထိုး လှုပ်ရှားမှု ရှင်းလင်းပွဲ အခမ်းအနားတွေကို ကချင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ တရက်ထဲ ကျင်းပပြု လုပ်ခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း ပြုလုပ်နေကြတာဖြစ်ပြီး ဇွန်လ ၁၄ရက် မနက်ပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့က သံလွင်ဥယျာဉ်ရှိ နယူးစကိုင်း ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ အဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းနဲ့ ၈၈ အဖွဲ့က ကိုဌေးကြွယ်တို့က ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ဖို့ လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြပြီး လူထုပရိသတ် ၇၀၀ လောက် တက်ရောက်ခဲ့တယ်လို့ ၈၈ အဖွဲ့က ကိုဇော်မင်းက ပြောပါတယ်။

“မိုးတွေလည်း ရွာတယ်။ နောက် ခန်းမ အနေအထားကလည်း ပထမစီစဉ်ထားတဲ့ ခွင့်ပြုထားတဲ့ ဘုံကျောင်းကို ဘယ်သူကြောင့် ဘာကြောင့်ဆိုတာ မသိပဲနဲ့ ဘုံကျောင်းက ကျင်းပခွင့်ကို တောင်းတောင်းပန်ပန်နဲ့ ပြန်ရုပ်သိမ်းသွားတယ်။ ရုပ်သိမ်းတော့ ကျနော်တို့က ကမန်းကတန်း နယူးစကိုင်း ခန်းမမှာ ပြောင်းရွှေ့ကျင်းပရတယ်။ ခန်းမ လူပြည့်ပါတယ်။ လူ ၆၀၀၊ ၇၀၀ လောက် တက်ပါတယ်။”

အခမ်းအနားကို မွန်အမျိုးသားပါတီမှ ကိုယ်စားလှယ်များ၊ ကရင်အမျိုးသား ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ ဇွန်လ ၁၄ ရက် မနက်ပိုင်းမှာ လူထုဟောပြောပွဲပြုလုပ်ခဲ့ပြီး ပြည်နယ်အစိုးရက ခွင့်ပြုချက် ချမပေးတဲ့အတွက် မြစ်ကြီးနားမြို့က စားသောက်ခန်းမ တခုမှာပဲ လုပ်ခဲ့ရလို့ ကျေနပ်အားရမှု မရှိတဲ့အကြောင်း ပုဒ်မ ၄၃၆ ပြင်ရေး ဆွေးနွေးဟောပြောခဲ့တဲ့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တဖက်သတ်ရေးဆွဲထားတဲ့ဟာပဲလေ။ ကျနော်ကိုယ်တိုင်က ၁၉၉၀ ခုနှစ်က လွှတ်တော်ကိုယ်စားလှယ်ဆိုတာကို ထည့်ပြောပြီး ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲထားတာဟာ ဒီမိုကရေစီ စံနှုန်းနဲ့ မညီညွှတ်ဘူး။ အန်အယ်ဒီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို စကတည်းက ကန့်ကွက်ခဲ့တာ။ အခု ဒါကို အကောင်အထည်ဖော်တာ လွှတ်တော်ထဲကနေ အကောင်အထည်ဖော်မယ်။”

ဆွေးနွေးဟောပြောပွဲ အခမ်းအနားကို ဒေသခံပြည်သူ ၁၀၀၀ လောက် တက်ရောက်ခဲ့ ကြတယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲကို ဇွန်လ ၁၅ ရက်မှာ ပြုလုပ်ဖို့ရှိပြီး အဲ့ဒီမှာလည်း ခွင့်ပြုမိန့် မကျဘူးလို့ သိရပါတယ်။

အလားတူ ပုဒ်မ ၄၃၆ ပြင်ရေး လူထုဟောပြောဆွေးနွေးပွဲနဲ့ လက်မှတ်ထိုးလှုပ်ရှားမှု ရှင်းလင်းပွဲ အခန်းအနားကို တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ ဇွန်လ ၁၄ ရက် ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ်နာယက သူရဦးတင်ဦး၊ အဖွဲ့ချုပ်ပြန်ကြားရေးက ဦးထင်လင်းဦးနဲ့ ၈၈ ကိုထွန်းမြင့်အောင်တို့ ဆွေးနွေးဟောပြောခဲ့ကြပါတယ်။

အဖွဲ့ချုပ်နဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ရေး လူထုဟောပြောပွဲတွေကို မေလ ၁၇ ရက်မှာ စတင်ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

  By ရွှေအောင် (ဒီဗွီဘီ)

Posted by Arakan News on 6/14/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ