Related Posts Plugin for WordPress, Blogger...


Byအေးမြတ်သူ



အငှားယဉ်ကို လုယူခဲ့သည့် အမျိုးသားကို တွေ့ရစဉ် (ဓာတ်ပုံ - FB/Soe July)


ရန်ကုန်မြို့အင်းလျားလမ်းတွင် အငှားယာဉ်ကို နေ့ခင်းကြောင်တောင် အကြမ်းဖက်လုယက်ခဲ့သူအား ဥပဒေရုံးက ပြစ်ဒဏ်ပိုကျခံနိုင်သည့် ပုဒ်မသို့ ပြောင်းလဲသတ်မှတ်ပေးခဲ့ကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။


ပြီးခဲ့သည့် မေလ ၂၁ ရက် က ဗဟန်းမြို့နယ် ဓမ္မစေတီမီးပွိုင့် မှ အင်းလျားလမ်းအတိုင်းမောင်း နှင်လာသော အငှားယာဉ်တစ်စီး ကို အမျိုးသားတစ်ဦးက ယာဉ်ရှေ့ပိတ်ရပ်ပြီး ယာဉ်အတွင်းသို့ အတင်းဝင်ရောက်ကာ ယာဉ်မောင်းကို အကြမ်းဖက်ထိုးကြိတ်ပြီး ယာဉ်ကိုလုယူခဲ့ခြင်းဖြစ်သည်။

ယာဉ်ကို လုယက်ကာ မောင်း နှင်လာရာ တက္ကသိုလ်ရိပ်သာ လမ်းနှင့်အင်းလျားလမ်းမီးပွိုင့် လမ်းဆုံတွင် ယာဉ်သုံးစီးဆင့် တိုက်မိခဲ့ပြီး တာဝန်ကျယာဉ် ထိန်းရဲကိုပါ ၎င်းက လက်သီးဖြင့် ထိုး ကြိတ်သဖြင့် ဗဟန်းနှင့် ကမာ ရွတ်မြို့နယ် ရဲစခန်းတို့တွင် ခိုးမှု၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုနှင့် ယာဉ်တိုက်မှုပုဒ်မသုံးခုဖြင့် အမှု ဖွင့်အရေးယူခဲ့သည်။

၎င်းကို တရားရုံးသို့ မတင် ပို့မီ အမှုဖြစ်စဉ်နှင့် ရဲစခန်းမှဖွင့်ဆို ထားသည့်အမှု ပုဒ်မကို ဥပဒေရုံး က ပြန်လည်စစ်ဆေးသည့်အခါ ၎င်းအမျိုးသားသည် သာမန်လု ယက်ခဲ့ခြင်းမဟုတ်ဘဲ ယာဉ်မောင်းကို နာကျင်စွာပြုလုပ်ခဲ့၍ ယခင်ပြစ်မှုပုဒ်မ ၃၈၂ အစား ၃၉၂ သို့ပြောင်းဖွင့်ရန် သတ်မှတ်ခဲ့ပြီး အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးတင်စစ်ဆေး လျက်ရှိသည်။

‘‘တရားစွဲလိုက်ပြီ။ ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ။ ရက်တော့မမှတ် မိတော့ဘူး။ သူ့ကို စခန်းကဖွင့်တဲ့ ပုဒ်မကိုပြောင်းပြီး ဥပဒေရုံးက ပုဒ်မ ၃၉၂ နဲ့ ဖွင့်လိုက်တယ်။ သူက သာမန်လုယက်တာမဟုတ် ဘဲ နာကျင်အောင်လုပ်ခဲ့တဲ့ အတွက် ပြန်ပြီးပြင်ဆင်သတ်မှတ် ပေးခဲ့တယ်။ ပြစ်ဒဏ်ကတော့ ပိုကြီးသွားတာပေါ့။ အရင်ပုဒ်မနဲ့ ဆို ထောင် ၇၊ ၈ နှစ်လောက်ပဲ ကျမှာ။ အခုထောင် ၁၀ နှစ် လောက်အထိ ကျသွားနိုင်တယ်’’ ဟု ဗဟန်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၈၂ (ခိုး မှု) သည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထိုသူအား အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်နိုင်ပြီးငွေဒဏ်လည်း ချမှတ်နိုင်သည်။ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၉၂ (လုယက်မှု)သည်လည်း အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်နိုင်သည့်အပြင် နေဝင်၊ နေထွက်ကြား ပြည်သူများသွားလာရာလမ်းတွင် ကျူးလွန်ပါက ထောင်ဒဏ်ဆယ့်လေးနှစ်အထိ ချမှတ်နိုင်သည်ဟု သိရသည်။

Posted by Arakan News on 6/24/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ