Related Posts Plugin for WordPress, Blogger...

 ဝေါ...
မခြိမ်းဘဲ ရွာချလိုက်သော မိုးကြောင့် ပလက်ဖောင်းပေါ်မှ ဈေးသည်နှင့် လူအများပြေးလွှား လှုပ်ရှား ကုန်ကြသည်။ သဲသဲမဲမဲ ရွာချလိုက်သော မိုးသည် ပလက်ဖောင်းထက်မှ ဝက်သားတုတ်ထိုးသည်၊ ရှမ်းခေါက်ဆွဲ၊ မုန့်ဟင်းခါး သည်နှင့် အကင်မျိုးစုံသည်တို့ ကို အလုပ်ရှုပ်စေရုံသာမက ရန်ကုန်မြို့ညနေပိုင်း ရုံးဆင်းချိန် နှင့်ပါ အချိန်ကိုက်ဖြစ်နေ၏။ လူအများ မိုးလွတ်ရာဌာနသို့ ရှာဖွေ ပြေးလွှားနေချိန်တွင် မပြေးနိုင်ရှာသူ ဈေးသည်အပေါင်းမှာလည်း ခရီးသွားအပေါင်းပြည့်ကျပ်နေသော ပလက်ဖောင်းကျဉ်းကျဉ်း အထက် ဝမ်းရေးဖြေရှင်းဖို့ရန် ရုန်းကန်နေကြဆဲ။

ဈေးသည်များ၊ ခရီးသွား ပြည်သူများ မည်မျှပင်ပြည့်ကျပ် နေပါစေ ရန်ကုန်မြို့တော်စည်ပင် ၏ ပလက်ဖောင်းနှင့် ရေမြောင်း ပြုပြင်ခြင်းလုပ်ငန်းများသည် မိုး ဦးကာလသို့ရောက်သည်ထိတိုင် အောင် အဆုံးမသတ်နိုင်သေးပေ။ မပြီးစီးနိုင်သေးသည့် ဖြိုဖျက်ထား ဆဲ ပလက်ဖောင်းများနှင့် တူးဖော် လက်စရေဆိုးမြောင်းများသည် အလိုက်မသိသော ရန်ကုန်မိုးနှင့် တွေ့ဆုံလေ၏။ ရွာလက်စမိုးပင် အဆုံးမသတ်သေးသော်လည်း ကားလမ်းမထက် ရေများပြည့်လျှံ ကုန်၏။ အကာအရံနည်းပါးခြင်း၊ သတိပေးစာတန်းများဖော်ပြခြင်း မရှိသော တူးဖော်လက်စမြောင်း များနှင့် ပြုပြင်ဆဲပလက်ဖောင်း များသည် ရေများဖုံးလွှမ်းကုန်၏။

မိုးရွာတိုင်းရေလျှံသည်မှာ ရန်ကုန်မြို့နေ ပြည်သူများဘဝ အတွက် အဆန်းတကြယ်တော့ မဟုတ်လှပါ။ ပျက်စီးနေသော ပလက်ဖောင်းများနှင့် ရေလျှံနေ သော အဖုံးအကာမဲ့နေသည့် ရေ ဆိုးမြောင်းများအပေါ် သူတို့ဘယ် လိုကျော်လွှားသွားရမည်ကို ရန်ကုန်မြို့ကြီးက ဆယ်စုနှစ်များစွာ ကြာအောင် သင်ကြားပေးထားပြီး ဖြစ်၏။ မြို့တော်ရန်ကုန်သည် အတိတ်က ကမ္ဘာကျော်အောင် လှပ ခဲ့သော်ငြားလည်း ယခုတော့ မိုးထဲရေထဲ အဝတ်အစားအစုတ် အပြတ်ဖြင့် တုန်တုန်ယင်ယင် လမ်းလျှောက်နေသော အမယ်အို နှင့်တူလေသည်။

မဟာရန်ကုန်တွင် ပလက် ဖောင်းများ၊ ရေဆိုးမြောင်းများ သာမက အခြေခံပြည်သူများ နေ့ စဉ်အသုံးပြုနေသော ယာဉ်လိုင်း များ၊ မီးရထားများ၊ မိလ္လာစနစ် များအားလုံးသည် ခေတ်နှင့်လျော် ညီမှုမရှိအောင် ဖြစ်ပျက်နေသည်။ ယနေ့ လူဦးရေရှစ်သန်းနီးပါးနေ ထိုင်သော မြို့တော်မဟာရန်ကုန် သည် သားသမီးရှစ်ယောက်ရှိ သော လင်သေမုဆိုးမအိုကြီးပမာ ဖြစ်တည်နေ၏။ လျှပ်စစ်မီးစနစ်၊ အမှိုက်သိမ်းစနစ်၊ သောက်သုံးရေ စနစ်၊ အာမခံချက်မပါရှိသည့် အစားအစာစနစ် စသည်တို့မှာ လည်း ပျက်စီးနေသော ပလက် ဖောင်းရေမြောင်းများနည်းတူ ပြည်သူတို့ နေ့စဉ်ထိတွေ့ကြရ သည်။

အခြေခံပြည်သူများ နေ့စဉ် သွားလာနေသော ပလက်ဖောင်း များကို ယာဉ်ကြောပိတ်ဆို့မှုဖြေ ရှင်းရန်နှင့် ကားရပ်နားရန်အလို့ ငှာ ရန်ကုန်မြို့တော်စည်ပင်က လွန်ခဲ့သောနှစ်မှ စတင်ကာ တစ် ဝက်ဖဲ့ဖြိုဖျက်ခဲ့သည်။ ဖြိုဖျက်ပြီး သွားသော်လည်း ယာဉ်ကြောများ မှာ ကျပ်ညပ်ဆဲဖြစ်သည်။ ကား ရပ်နားရန်အလို့ငှာ ပလက်ဖောင်း များ တစ်ဝက်ဖြိုခဲ့ပြီးနောက် လမ်း ဘေးဈေးသည်များ ပိုမိုအဆင်ပြေ စွာရောင်းချနိုင်ခဲ့သည်။

မိုးရွာသွန်းမှုနှင့်အတူ ပလက် ဖောင်းဈေးသည်များ၏ စည်း ကမ်းမရှိ စွန့်ပစ်ခဲ့သော အမှိုက် အကြွင်းအကျန်များသည် ရေဆိုး မြောင်းရေလျှံမှုမှတစ်ဆင့် ရန်ကုန် ၏ အလှအပကို ပိုမိုထင်ရှားစေ သည်။ နေ့ခင်းအချိန်ပင် ပြေးလွှား နေသော ကြွက်များကို ပလက် ဖောင်းများထက် တွေ့မြင်ရမှုက လည်း ရန်ကုန်မြို့ပြဖျားနာနေမှု၊ကျဆုံးနေမှုကို သိသာစေသည်။ အနာရင်းကာ အဖျားတက်နေ သော ရန်ကုန်သည် အချိန်မီကုသ ဖို့ရန် သမားတော်ကောင်းကောင်း လိုအပ်နေပြီဖြစ်သည်။

နာတာရှည်ရောဂါခံစားနေ ရသော မြို့တော်ရန်ကုန်သည် တတ်သိနားလည်မှုအားနည်းသူ လူအချို့လက်ထဲ ဆေးမြီးတိုဖြင့် သာ ကာလကြာရှည် ကုသမှုခံယူ ခဲ့ရသည်။ မိုးရွာရွာ၊ နေပူပူ၊ မီး ပျက်ပျက်၊ ကားကျပ်ကျပ်၊ နေ ထိုင်စရိတ်ဘယ်လိုပင်ကြီးကြီး ရန်ကုန်သည် ပလက်ဖောင်းကျဉ်း ကျဉ်း အိမ်နောက်ဖေးအမှိုက်ခင်း ထဲ အပြုံးမပျက် ရှင်သန်ခဲ့သည်။ သူပေးဆပ်နိုင်သမျှ မြို့နေလူထု ကို အစွမ်းကုန်ပေးဆပ်ခဲ့သည်။ သို့သော် စည်းကမ်းမဲ့သော၊ နှလုံး သားမရှိသော လူအများလက်ထဲ ရန်ကုန်မြို့တော်သည် အကြိမ် ကြိမ်သေပွဲဝင်ခဲ့ရသည်။

အိုမင်းမစွမ်းတော့သည့် ရန်ကုန်မြို့သည် အပျိုဖြန်းလေး ကဲ့သို့လှပသော နေပြည်တော် ကြောင့် လွန်ခဲ့သည့်နှစ်များက စတင်ကာ ပွဲလယ်မတင့်ရှာတော့ ပေ။ နောက်မှပေါက်သည့် ရွှေ ကြာပင်ဖြစ်သော်လည်း နေပြည် တော်သည် ရန်ကုန်မြို့ပြအိပ်မက် များကို နင်းခြေဖျက်ဆီးနိုင်စွမ်းရှိ သည်။ တစ်နှစ်ထက်တစ်နှစ် ပိုမို လှပအောင် ပြင်ဆင်ခြယ်သနိုင် သော အတတ်ပညာမျိုးစုံကို နေ ပြည်တော်က တစ်ဖက်ကမ်းခပ် အောင် တတ်မြောက်ထားသူဖြစ် သည်။ ရိုးရိုးအအ ရန်ကုန်မြို့ သည် အလှအပမဖက် လူရှစ်သန်း တာဝန်ကို နေ့စဉ်ထမ်းဆောင်ကာ ဒဏ်ရာများဖြင့် ပျော်ရွှင်နေခြင်း ကို တပ်မက်နေပုံရသည်။

ရန်ကုန်မြို့ကောင်းကင်ယံ ထက် မိုးသားတိမ်လိပ်တို့ ညို့မှိုင်း အုံ့ဆိုင်းလာလေပြီ။ အလိုက် မသိသောမိုးသည် ရန်ကုန်မြို့ပေါ် သို့ ငြိုးမာန်ဖွဲ့ကာ သဲသဲမဲမဲရွာချ မည့်ဟန်ပြင်နေ၏။ နှလုံးသား ထက် ဒဏ်ရာများနှင့် ရန်ကုန်မြို့ တော်သည် အလိုက်မသိသောမိုး ကြောင့် ပိုမိုဖျားနာရတော့မည်။ ပိုမိုဖျားနာလာသော ရန်ကုန်မြို့ တော်၏ ပလက်ဖောင်းကျဉ်း ကျဉ်းထက်မှ မိဘပြည်သူများ သည်လည်း ရန်ကုန်မြို့နည်းတူ သေလုမြောပါး နာမကျန်းဆဲဖြစ် သည်။။

7DAY DAILY

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ