Related Posts Plugin for WordPress, Blogger...

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တရားဝင်
အစပြုသည့် နေ့တွင်ပင် ရီယိုဒီဂျနေးရိုးမြို့၊
 နိုင်ငံတကာ လေဆိပ်မှ ဝန်ထမ်းများ
 ဆန္ဒပြမှုတစ်ရပ် စုစည်းပြုလုပ်ခဲ့ကြောင်း
သိရသည်။


ကြာသပတေးနေ့ တစ်နေ့လုံးစာ ပြုလုပ်မည့် (၂၄)နာရီ ကြာမြင့်သော ဆန္ဒပြပွဲ အစီအစဉ်တွင် လေဆိပ်မှ မြေပြင်အခြေစိုက် ဝန်ထမ်းများက မိမိတို့၏ လုပ်ငန်းဆောင်တာများကို အကန့်အသတ်ဖြင့် ရပ်ဆိုင်းထားမည် ဖြစ်သည်။

သမားရိုးကျ လုပ်ငန်းစဉ် အားလုံး၏ (၈၀)ရာခိုင်နှုန်းသည် ပုံမှန်လည်ပတ်နေမည် ဖြစ်သောကြောင့် ကမ္ဘာ့ဖလားအတွက် ဘရာဇီးနိုင်ငံသို့ ဆိုက်ရောက်လာမည့် နိုင်ငံတကာ ခရီးစဉ်များကိုမူ ကြီးကြီးမားမား သက်ရောက် ထိခိုက်မည် မဟုတ်ချေ။

အလုပ်ချိန်၏ အစိတ်အပိုင်း အချို့ကို ရပ်နားထားခြင်းဖြင့် ဝန်ထမ်းများက ဆန္ဒပြကြခြင်းဖြစ်ပြီး ကမ္ဘာ့ဖလား ကာလအတွင်း ဆုကြေးများ တိုးမြှင့်ပေးရေး၊ လုပ်ငန်းခွင် အခြေအနေ ပိုမိုတိုးတက် ကောင်းမွန်ရေး၊ လုပ်ခလစာ (၁၂)ရာခိုင်နှုန်းထိ မြှင့်တင်ပေးရေး အစရှိသည်တို့ကို တောင်းဆိုကြမည်ဟု သိရသည်။ အလုပ်ရှင်များကမူ လုပ်ခလစာကို (၈)ရာခိုင်နှုန်းသာ တိုးပေးရန် ဆန္ဒရှိနေကြသည်။

လေဆိပ်ဝန်ထမ်းများကို ကိုယ်စားပြုသည့် Umbrella ယူနီယံက “(၉)လလောက် သဘောထား ကွဲလွဲမှုတွေ ဖြစ်ခဲ့ပေမယ့် ညှိနှိုင်းမှုတွေက အဆင်မပြေခဲ့ဘူး။ ဒါကြောင့် ယူနီယံအနေနဲ့ ဇွန်လ(၁၂)ရက်နေ့မှာ ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။

ရီယိုသည် ဘရာဇီး နိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွားများ ပမာဏ အများဆုံး ၀င်ရောက်လေ့ရှိသည့် မြို့တော်ကြီးတစ်ခုလည်း ဖြစ်သည်။ ရီယိုမှ ကမ္ဘာ့ဖလား ဖွင့်ပွဲကျင်းပမည့် ဆော်ပေါ်လိုသို့ သွားရောက်ရန်မှာမူ မိနစ်(၄၀)ကြာ လေကြောင်းခရီးစဉ်ဖြင့် သွားရမည်ဖြစ်သည်။

ဇွန်လ (၁၂)ရက်နေ့မှ ဇူလိုင်လ (၁၃)ရက်နေ့ထိ ကြာမြင့်မည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကာလအတွင်း ဘရာဇီးလ် နိုင်ငံသား (၃)သန်းနှင့် နိုင်ငံခြားသား (၆)သိန်းမျှသည် ပွဲစဉ်များ ကျင်းပရာ မြို့အသီးသီးသို့ ကူးသန်းသွားလာနေဖွယ် ရှိသည်။

_Ref: Channel News Asia
7day News Daily

Posted by Unknown on 6/12/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ