Related Posts Plugin for WordPress, Blogger...


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သည် ကမ္ဘာ့ စစ်ရေး အခန်းကဏ္ဍ တွင် ဂျပန်နိုင်ငံ ပိုမို ပါဝင်လာ နိုင်စေရေး တွန်းအားပေး ဆောင်ရွက်လျက် ရှိစဉ် ဂျပန်နှင့် သြစတြေးလျ နိုင်ငံတို့ အနေဖြင့် ကိုယ်ပျောက် နည်းပညာသုံး ရေငုပ်သင်္ဘော ပူးပေါင်း ထုတ်လုပ်ရေး ကို ဇွန်လ ၁၂ ရက်တွင် သဘောတူညီ ခဲ့ကြောင်း NEWSnow သတင်းတစ်ရပ် အရ သိရသည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီး အစ်ဆူနိုရီအိုနိုဒီရာ နှင့် နိုင်ငံခြားရေး ဝန်ကြီး ဖူမီအိုကီရှီဒါ တို့သည် သြစတြေးလျ ကာကွယ်ရေး ဝန်ကြီး ဒေးဗစ်ဂျွန်စတန် နှင့် နိုင်ငံခြားရေး ဝန်ကြီး ဂျူလီယာဘစ်ရှော့ တို့နှင့်အတူ ဇွန်လ ၁၁ ရက်တွင် တိုကျိုမြို့၌ ပြုလုပ်သော ဆွေးနွေးပွဲတွင် အဆိုပါ ရေငုပ်သင်္ဘော ထုတ်လုပ်ရေး ကိစ္စရပ်ကို အဓိကထား ဆွေးနွေး ခဲ့ကြောင်း၊ ၄င်းတို့ အနေဖြင့် ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းများ နှင့် နည်းပညာ ကဏ္ဍရပ် များတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် နှင့် နှစ်နိုင်ငံ စစ်ဘက် ဆက်ဆံရေး တိုးမြှင့် သွားရန်လည်း သဘော တူညီ ခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ အနေဖြင့် သုတေသန ပြုမှုများကို ၂ဝ၁၅ ခုနှစ်မှ စတင် ဆောင်ရွက် သွားရန် သဘော တူညီခဲ့ပြီး အဆိုပါ သုတေသန ပြုမှုသည် ရေငုပ်သင်္ဘော အပါအဝင် ရေယာဉ်များ တည်ဆောက်ရေး နည်းပညာ အပေါ် အလေးထား ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီး အိုနိုဒီရာ က အဆိုပါ ဆွေးနွေးပွဲ ပြီးနောက် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြား ခဲ့သည်။

အဆိုပါ သုတေသန ပြုမှုနှင့် နည်းပညာ လွှဲပြောင်း ပေးအပ်မှုသည် ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ရာ ရောက်လိမ့်မည် မဟုတ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။

ရှင်ဇိုအာဘေး အစိုးရသည် ဂျပန် ကာကွယ်ရေး ဆိုင်ရာ စက်မှုလုပ်ငန်း အနေဖြင့် ကမ္ဘာတစ်ဝန်း သို့ ထိုးဖောက် ဝင်ရောက် နိုင်စေရေး အတွက် ဂျပန်နိုင်ငံ၏ စစ်လက်နက် ပစ္စည်း တင်ပို့မှု ကန့်သတ်ချက် များကို ဧပြီလတွင် ဖြေလျှော့ ခဲ့ကြောင်း သိရှိရသည်။

#PyiChitThar

Posted by Arakan News on 6/14/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ