Related Posts Plugin for WordPress, Blogger...



မောင်တော၊ ဇွန် ၁၁- ဒေသတွင်း မတည်ငြိမ်မှုများနှင့် သောင်းကျန်းသူ လက်နက်ကိုင်များအကြား တိုက်ပွဲ များ မကြာခဏဖြစ်ပွားနေ သည့် မောင် တော နယ်စပ်ဒေသသို့ ဝင်ရောက်လာ သည့် နိုင်ငံခြားသားများသည် လုံခြုံ ရေးအရ သက်ဆိုင်ရာအုပ်ချုပ်ရေး အဖွဲ့၏ ခွင့်ပြုချက်ရမှသာ နယ်သို့ သွားရ မည်ဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးဦးစီးဌာနမှ ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။


အဆိုပါကြေညာချက်ကို ဇွန် ၈ ရက် မောင်တောမြို့ဆူပူအကြမ်းဖက် မှုဖြစ်ပွား သည့် နှစ်နှစ်ပြည့်သည့်နေ့ တွင် ပုဒ်မ-၁၄၄နှင့်အတူ ထုတ်ပြန် လိုက်ခြင်းဖြစ်ပြီး သက်ဆိုင်ရာတည်း ခိုခန်းများကိုလည်း ဖြန့်ဝေပေးထား ကာ နိုင်ငံခြား သားများရောက် ရှိလာ ပါက သက်ဆိုင်ရာသို့ အကြောင်းကြား ရန် ကြေညာ ချက်တွင် ဖော်ပြထား သည်။

သို့သော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှဝင်ရောက်လာသည့် နိုင်ငံခြား သားများကို အကြောင်းကြားရန်မလို ကြောင်း သိရသည်။

ယခုကဲ့ သို့ နိုင် ငံခြားသား များ ကို မောင်တောနယ်စပ်ဒေသသို့ သွား ရောက် ခွင့်ကန့်သတ်ခြင်းမှာ လုံခြုံရေး အရဖြစ်ပြီး လက်ရှိဖြစ်ပွားနေ သည့် ပြဿ နာများကြောင့် ပိုမိုတင်းကျပ် ရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတာ ဝန်ရှိသူတစ်ဦး က ပြောသည်။

ယခုကဲ့သို့ ကြေညာချက်ထုတ် ပြန်ရခြင်းမှာ စစ်တွေနှင့် ဘူးသီးတောင် မှဝင်ရောက်လာသည့် နိုင်ငံခြားသား များမှာ မောင်တောနယ်စပ်ရှိ နယ် ဒေသများသို့ သွားရောက်သည့်အခါ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့သို့ အသိပေးအကြောင်းကြားခြင်း မရှိဘဲ သွားလာမှုများရှိနေသည့်အတွက် ကြေ ညာချက်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပြောကြား သည်။

မောင်တောနယ်စပ်ဒေသတွင် ယူအင်န်နှင့် အိုင်အင်န်ဂျီအိုအဖွဲ့အ စည်းများ အများအပြားရှိပြီး အဆိုပါ အဖွဲ့အစည်းများတွင် တာဝန်ထမ်း ဆောင်နေသော နိုင်ငံခြားသားအများ စုသည် မောင်တောမြို့နယ် အတွင်း ရှိ ကျေးရွာ များသို့သွားရောက် တာ ဝန်ထမ်းဆောင်နေကြရကြောင်း သိ ရသည်။

N T [--Democracy today Daily Newspaper--]
‪#‎Democracytoday‬

Posted by Arakan News on 6/14/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ