Related Posts Plugin for WordPress, Blogger...

လားရှိုးတွင် မေ ၁၈ရက်က ပေါက်ကွဲမှုဖြစ်ခဲ့သည့်နေရာတစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ- မမ(လားရှိုး)
ရန်ကုန်၊ ဇွန် ၂- မေလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် နမ့်ခမ်းမြို့တို့ရှိ ပေါက်ကွဲမှုများနှင့် ပတ်သက်သော တရားခံ များကို ဖော် ထုတ်ဖမ်းဆီးရန် ခက်ခဲမှုများ ရှိနေ သော်လည်း ပေါက်ကွဲသည့် ဗုံးအမျိုး အစားများမှာ လက်လုပ်ဗုံးများဖြစ် သည်ဟု အကြမ်းဖျင်း အတည်ပြု သုံးသပ်ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သုံး သပ်ပြော ကြားသည်။
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူက ''လက်လုပ်ဗုံးလို့ သုံး သပ်ပေမယ့် မေလထဲမှာ ရှမ်းပြည် နယ်မှာဖြစ် တဲ့ ပေါက်ကွဲ မှုနှစ်ခု က သံသယဖြစ်စရာလူဆိုတာ ရှာမရသေး ဘူးဖြစ်နေတယ်။ လက်နက်ကိုင်အ ဖွဲ့တွေထဲကလို့ သုံးသပ်ရမှာပဲ။ ရှမ်း ပြည် နယ် မှာက ပေါက်ကွဲမှုတွေတော့ မကြာခဏဖြစ်နေကြပဲ။ လက်နက်ကိုင် အဖွဲ့တွေကလဲ များတော့ တရားခံ အစရှာရရင်တောင် ဖမ်းဖို့တော်တော် ခက်ခဲတယ်''ဟု သုံးသပ်ပြောဆိုသည်။

လုံခြုံရေးတာဝန်ရှိသူများ၏ ပြောပြချက်အရ ယင်းလက်လုပ်ဗုံး များမှာ သံစတော်တော်များများပါ ဝင်ပြီး လက်ကိုင်ဖုန်းဖြင့် ထိန်းချုပ် ဖောက်ခွဲနိုင်သည့် ပရိုဂရမ်တစ်ခု လည်းပါဝင်သည်ကို တွေ့ရ ကြောင်း သိရ သည်။ အရှေ့မြောက်ပိုင်းစစ် ဌာနချုပ် မှ အဆင့်မြင့်အရာရှိကြီးတစ်ဦးက ''ရှမ်းပြည်နယ်မြောက်ပိုင်းအခြေအ နေကို ကြည့်မယ်ဆိုရင် ၂၀၁ဝခုနှစ် နောက်ပိုင်းမှာ တိုက်ပွဲ တွေ ဖြစ်လာတာ တွေရှိနေတယ်။ ဒေသတွင်းမှာ လက် နက်ကိုင်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှား မှုကလဲ များလာတဲ့အတွက် ဗုံးပေါက် ကွဲတာတွေကလဲ မဆန်းဘူးလို့တောင် ဖြစ်နေတယ် ဆိုတော့ ဒီပြည်ထောင် စုလမ်းမတစ်လျှောက် ကူးသန်းရောင်း ဝယ်သွားလာနေကြတဲ့ ပြည်သူတွေ အဖို့ အထူးသတိထားစရာဖြစ်နေ တယ်''ဟု ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင်လွတ် မြောက်ရေး တပ်မတော် (KIA)၊ MNDAA ကိုးကန့်အဖွဲ့ စသည့် အပစ် မရပ်သေးသည့် လက်နက် ကိုင်အဖွဲ့ များအပြင် ရှမ်းပြည် တပ်မတော်တောင် ပိုင်း RCSS ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းစသည့် အပစ်ရပ်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ လည်း ရှိနေပြီး မူဆယ်-မန္တလေး ကားလမ်းအနီးတွင် ဝင်ရောက်လှုပ် ရှားမှုများလည်း ရှိနေသည်။

မေ ၁၆ရက်က လားရှိုးနှင့် မေ ၂၈ရက်က နမ့်ခမ်းတို့တွင် ပေါက်ကွဲ မှုများ နှစ်ကြိမ်ဖြစ်ပွားရာ နမ့်ခမ်းမြို့ နယ် နောင်ခမ်းကျေး ရွာနှင့် ကောင်း ဝိန်းကျေးရွာကြားတွင် ထောင်ထား သောဗုံး ကြောင့် မော်တော် ဆိုင်ကယ် စီးနင်းလာသော မူဆယ်မြို့နယ် နမ် စန့်ကျေးရွာမှ ပြည်သူနှစ်ဦးမှာ တစ် ဦးသေဆုံးပြီး တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

KMZ
[--Democracy today Daily Newspaper--]

Myanmar News Network

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ