Related Posts Plugin for WordPress, Blogger...

မလေးရှားပင်လယ်ရေကြောင်း အာဏာတည်ရေးအေဂျင်စီ (အမ်အမ်အီးအေ) ရေယာဉ်မှ ကယ်တင်နေစဉ်
မလေးရှားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းမှာ အင်ဒိုနီးရှား တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူတွေလို့ ယူဆရသူတွေကို တင်လာတဲ့ သစ်သားလှေတစီး ဒီနေ့ နစ်မြှုပ်ခဲ့ပါတယ်။

ဒါကြောင့် ကယ်ဆယ်ရေးသမားတွေက ပျောက်ဆုံးနေတဲ့ လူ အနည်းဆုံး ၄၂ ယောက်ကို ရှာနေပါတယ်။
အစောပိုင်းကတော့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးရဲ့ အလောင်းကို ဆယ်ထားတယ်လို့ မီဒီယာတွေက ရေးပါတယ်။

မလေးရှားပင်လယ်ရေကြောင်း အာဏာတည်ရေးအေဂျင်စီ (အမ်အမ်အီးအေ)ရဲ့ အရာရှိ မိုဟာမက် ဇူရိက “လှေပေါ်မှာ အမျိုးသမီးနဲ့ ကလေးတွေအပါအ၀င် လူ ၉၇ ယောက် တင်ဆောင်ထားပြီး လှေကလည်း ပင်လယ်အတွက် မသင့်တော်ဘူး။ လှေက မလေးရှားကို ဦးတည်ခဲ့တယ်” လို့ ပြောပါတယ်။

ကယ်ဆယ်ရေး အရာရှိ အခြားတဦးကတော့ လှေဟာ မလေးရှားနိုင်ငံက ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းနဲ့ လူသိများတဲ့ ကာရေးကျွန်းကနေ အင်ဒိုနီးရှားမြောက် ပိုင်းစွန်း အာချေးပြည်နယ်ကို သွားတာလို့ ပြောပါတယ်။

အာဆီယံဒေသအတွင်း ချမ်းသာတဲ့မလေးရှားနိုင်ငံဟာ ဒေသတွင်း ပိုဆင်းရဲတဲ့ နိုင်ငံတွေက တရားမ၀င်လုပ်သားတွေကို ဆွဲဆောင်သလို ဖြစ်နေခဲ့တာ ကြာပါပြီ။

တရားမ၀င် လုပ်သားတွေကို နှိမ်နင်းမှုတွေ ပုံမှန်လုပ်ပေမယ့် မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ ၂ သန်းထိ ရှိတယ်လို့ ခန့်မှန်းထားပြီး ဒီလူဦးရေဟာ နိုင်ငံလူဦးရေရဲ့ ၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။

 By ဒီဗွီဘီ

Posted by Arakan News on 6/19/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ