Related Posts Plugin for WordPress, Blogger...

အာရေဗျ ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော နွားနောက် မုန်တိုင်းအရှိန် ကြောင့် ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများ နောက်သုံး ရက်အထိ မိုးကြီး မည် ဖြစ်ပြီး ရေကြီး ရေလျှံမှုများဖြစ် ပေါ်လာနိုင်ကြောင်း သတင်း ရရှိသည်။

နွားနောက်(Nanauk) မုန်တိုင်း အရှိန် ကြောင့် မုတ်သုံမိုးအား ကောင်းလာခြင်းဖြစ် ပြီး ရန်ကုန်၊ ပဲခူးတိုင်း ဒေသကြီးနှင့် မွန်ပြည် နယ်တို့ရှိ နေရာ ၁၁ နေရာတွင် ရေကြီးနိုင် ကြောင်း နာဆာက ခန့်မှန်းထားသည်ဟု မိုးလေဝ သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ ‘‘နာဆာရဲ့ ကောင်းကင် ဓာတ်ပုံတွေအရ ဒီသုံးခုမှ စုစု ပေါင်း ၁၁ နေရာ ရေကြီးရေလျှံ မှုဖြစ်ပေါ်နိုင်တယ်။ ဖြစ်လည်း ဖြစ်ပေါ်နေတယ်လို့ တွေ့ရတယ်။ နောက်သုံးရက်အထိ မိုးကောင်း နိုင်တယ်။ မုတ်သုံကောင်းရင် တော့ ရေကြီးရေလျှံမှုတွေက တော့ ရှိနေဦးမှာပဲ’’ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

ရေကြီးရေလျှံမှုများဖြစ်ပေါ်လာနိုင်သည့်နေရာများမှာ ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့ နယ်၊ မွန်ပြည်နယ် သထုံမြို့ အရှေ့ဘက်၊ ပဲခူးတိုင်းဒေသကြီး ဝေါမြောက်ဘက်၊ ကျုံဒိုးနားအနီး ရှိ နေရာများဖြစ်သည်။

အထက်ပါ လေးနေရာတွင်ရေအနက် တစ်ပေကျော်ရှိမည်ဖြစ်ပြီး ကျန်နေရာများတွင် တစ်ပေမကျော်နိုင်ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

‘‘နွားနောက်က ပိုအားကောင်းလာလေလေ မြန်မာနိုင်ငံဘက်မှာ မုတ်သုံမိုးကြောင့် မိုးပိုရွာလေလေဖြစ်မှာ။ ရန်ကုန်အပါအ၀င် အောက်ပိုင်းဒေသတစ်ခုလုံး မိုးကြီးနိုင်တယ်’’ ဟု မိုးဇ/လဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

နွားနောက်မုန်တိုင်း အရှိန် ကြောင့် ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူး တိုင်းဒေသကြီးတို့တွင် နေရာ ကွက်၍ မိုးကြီးနိုင်ပြီး မြစ်ဝကျွန်း ပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာ ရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်နာရီလေတိုက်နှုန်း မိုင် ၄၀ ဖြင့် တိုက်ခတ်နိုင်သည်ဟု မိုးလေ ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦး စီးဌာနမှ သတင်းရရှိသည်။

နွားနောက် မုန်တိုင်းသည် အာရေဗျပင်လယ်တွင် ဒုတိယ မြောက်ဖြစ်ပေါ်လာသော မုန် တိုင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင်မြန်မာနိုင်ငံက အမည်ပေးခဲ့ခြင်း ဖြစ်သည်။

ဖြစ်ပေါ်လာသည့်  မုန် တိုင်းငယ်များကို အိန္ဒိယသမုဒ္ဒ ရာနှင့် ထိစပ်နေသော နိုင်ငံ ၁၁ ခုမှ အလှည့်ကျအမည်ပေးခဲ့ခြင်း ဖြစ်ရာ မြန်မာနိုင်ငံအလှည့်တွင် ယခုမုန်တိုင်းကို နွားနောက်ဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။

Author: အိဖြူလွင် / အောင်သစ်လွင်

7Day Daily

Posted by Arakan News on 6/13/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ