ပြီးခဲ့တဲ့ ၂၀၁၃ ကိုးလပိုင်း သံတွဲပဋိပက္ခတွင် သံသယဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားခဲ့ ရသော
ဆင်ခေါင်း သပြုချိုင်တို့မှ မဦးစန်းရီနှင့် အပေါင်းပါ ၂၃ ဦးတို့အား
သံတွဲခရိုင်တရားရုံးတွင် ကြားနာစစ်ဆေးပြီး၍ ယနေ့ စွဲချက်တင်ရာ၊
ပြစ်မှုကျူးလွန်ခြင်း လုံးဝမရှိကြောင်း ထင်ရှားပေါ်ပေါက်သောကြောင့်
မဦးစန်းရီ နှင့် အပေါင်းပါ ၁၃ ဦးတို့အား စွဲချက်မတင်ရန်
အမိန့်ချမှတ်သောကြောင့် ယနေ့ အပြီးအပိုင် ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။
ကျန်သော (၁၀) ဦးတို့မှာ စွဲချက်တင်ခံရသဖြင့် ဆက်လက်၍ သက်သေများ ခေါ်ယူစစ်ဆေးရအုံးမည်ဖြစ်သည်။
ယခုလွတ်မြောက်လာသူများမှာ ၂၀၁၃-ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့မှ စပြီး ဖမ်းဆီး ချုပ်နှောင် ခဲ့ရခြင်းဖြစ်ရာ အချုပ်ထဲတွင် ကိုးလကျော်မျှ ဖမ်းဆီးခံခဲ့ရသည်။
နွယ်သာကီ
၁၆ ဇွန်လ ၂၀၁၄

0 comments