Related Posts Plugin for WordPress, Blogger...

သီရီလင်္ကာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်
စလင်ဘာသာဝင်တွေကြား ပဋိပက္ခအတွင်း
 မွတ်စလင် သုံးဦး သေဆုံးပြီး ၇၅ ဦး ဒဏ်
ရာရသွားပါတယ်။



ပဋိပက္ခပေါ်ပေါက်တဲ့ နိုင်ငံတောင်ပိုင်းက ပင်လယ်ဆိပ်ကမ်း မြို့တွေဟာ နိုင်ငံခြားသား ခရီးသွားတွေကို ဆွဲဆောင်တဲ့ ဒေသဖြစ်ပါတယ်။

အဲဒီဒေသမှာ အနည်းဆုံး မွတ်စလင် အိမ် ၇ လုံး မီးရှို့ခံရတယ်လို့ အရာရှိတွေနဲ့ နယ်ခံတွေက ပြောပါ တယ်။ သီရီလင်္ကာမှာ ၂၀၁၂ ခုနှစ်ကစလို့ ပဋိပက္ခတွေ ပေါ်ပေါက်နေ တာ ပါ။

ဇွန် ၁၅ ရက်နေ့ ပဋိပက္ခမှာ ဆင်ဟာလီလူဦးရေများတဲ့ အလုဂါမာမြို့နဲ့ ဘီရုဝီလာ မြို့တွေမှာ သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာအဖွဲ့ (ဘီဘီအက်) အဖွဲ့က ခေါင်းဆောင်ပြီး ဆန္ဒပြပွဲအတွင်း ပဋိပက္ခစတင်ခဲ့တာဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ပြီးနောက် ရဲတွေ အလုံးအရင်း ချထားပြီး မွတ်စလင်တွေက ကျီးလန့်စာစား အခြေအနေ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

လုံခြုံရေးအတွက်  ညမထွက်ည အမိန့်ကို ထုတ်ပြန်ထားပြီး အိမ်ထဲမှာပဲ နေကြဖို့ အမိန့်ထုတ်ထားပါတယ်။

ညမထွက်ရအမိန့် ထုတ်ထားပေမယ့် ဒီနေ့ မနက်ပိုင်း ဗလီတလုံးနားမှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့လို့ ရဲက စုံစမ်းနေပါတယ်။

လွတ်လပ်တဲ့ လေ့လာသုံးသပ်သူတွေကတော့ ဒီလို တိုက်ခိုက်နေတာကို အစိုးရက နောက်ကွယ်က ပါတယ်လို့ သုံးသပ်ကြပါတယ်။ အရင်က တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပေမယ့် ဘယ်သူမှ အပြစ်ပေးမခံရတာကို ထောက်ပြ ကြပါတယ်။ အစိုးရကတော့ စွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။

၁၉၈၃ ကနေ ၂၀၀၉ ခုနှစ် ပြည်တွင်း စစ်ကာလအတွင်းကလည်း တမီးလ်ကျား သူပုန်တွေဟာ နိုင်ငံ အရှေ့မြောက်ပိုင်းက မွတ်စလင်ရွာတွေကို တိုက်ခိုက်ခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ မွတ်စလင် ၁၄၀ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခဲ့ပြီး တမီးလ်သူပုန်တွေ လက်ချက်လို့ စွပ်စွဲကြပေမယ့် အဖွဲ့က ငြင်းဆန်ပါတယ်။

DVB (မြန်မာပိုင်း)

Posted by Unknown on 6/17/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ