Related Posts Plugin for WordPress, Blogger...

 ထိုင်းနိုင်ငံအနှံအပြားတွင်ရှိသောမြန်မာ
 အလုပ် သမား များစုဝေးနေထိုင် ရာနှင့်
လုပ်ငန်းခွင်များသို့ ထိုင်းစစ် တပ်နှင့်ရဲများ
လိုက်လံဖမ်းဆီးနေသဖြင့် မြန်မာအလုပ်သမား


များထွက်ပြေးတိမ်းရှောင် နေကြရ  ကြောင်းသိရှိရသည်။

               MOU ဖြင့် လာရောက်၍ မဟာချိုင်တွင် ပန်းရံအလုပ်လုပ်နေသည့် အလုပ်သမား ကိုဇေါ်မင်း က “မနေ့ညနေကတည်းက သူဌေးက ပြောထားလို့ ကျနော်တို့ အလုပ်သမား ၃၀၀ လောက် ဓနိတောထဲမှာ ဒီနေ့ ရှောင်နေကြရ တယ်။ တကယ်ပဲ မနက်၉နာရီလောက်မှာ စစ်သားတွေ ပုလိပ်တွေ ၀င်လာကြ တယ်” ဟုပြောသည်။
               အလားတူ ဘန်ကောက်မြို့ ဖုထုံမထုံ စိုင်နွဲ့ ပန်းခြံတွင် ၁၀ နှစ်ကြာ အလုပ်လုပ်နေသည့် စိုက်ပျိုးရေးသမား ကိုဆန်းဝင်း က “ကျနော်တို့ အလုပ်မ လုပ်နဲ့ ရှောင်နေကြဖို့ သူဌေးကပြောထားလို့ အခြားနေရာမှာရောက်နေတယ်။ ပတ်စပို့ ၀တ်ပါမစ်ရှိလျှက်နဲ့ ဒီလိုဖြစ်နေရတာ ကျနော်တို့ကို မြန်မာသံရုံး က တစ်ခုခု အကူညီပေးကြရင် ကောင်းမယ်” ဟုပြောသည်။ အလားတူ ဘန်ခေ ခုံထစ် အရပ်မှ စိုက်ပျိုးရေးအလုပ်သမားများ လည်း ရှောင်နေကြရကြောင်းပြော သည်။

         ယမန်နေ့ညဥ့်က ဘန်ကောက်မြို့  ပတိုနန်း  ဖက်ဘူရီ ၂၆ လမ်းတွင်   မြန်မာအလုပ်သမားများ၏ ပတ်စပို့သက်တမ်းတိုးခြင်း ရက်၉၀ တံဆိပ်တုံး ထုခြင်း ၀န်ဆောင်မှုများကို လုပ်သည့် မြန်မာပွဲစားအခန်း တစ်ခုအား ၀င်   ရောက်၍ ပတ်စပို့စာအုပ်များအား ထိုင်းအာဏာပိုင်များက သိမ်းဆည်း ယူေ ဆာင် သွားကြောင်း ပွဲစား၏ ညီမဖြစ်သူက ပြောကြားသည်။

          ယမန်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် တရားမ၀င်နေ ထိုင် သည့် မြန်မာအလုပ် သမားများ၏ နေအိမ်၈လုံးအား ထိုင်းအာဏာပိုင် များက ဘူဒိုဇာများဖြင့် ဖျက်ဆီးပြီး လူများကိုဖမ်းဆီးခဲ့ သည်။ အလားတူ ယခင်ရက် ပိုင်း အတွင်းက မဲဆောက်မြို့တွင် ရာချီသည့် မြန်မာအလုပ်သမားများအား ထိုင်း အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

           ထိုင်းနိုင်ငံအတွင်း အဖမ်းအဆီးကြမ်းတမ်းနေသော်လည်း တရားဝင်   မြန်မာအလုပ်သမားများအ တွက် တစ်စုံတစ်ခု ထုတ်ပြန်ကြေညာခြင်းမျိုးမရှိ   သေးကြောင်း MAT အဖွဲ့ကပြောသည်။

ရွှေလုပ်သား
www.shwemyanmarmediagroup.or

Posted by Arakan News on 6/14/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ