Related Posts Plugin for WordPress, Blogger...

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တွင်လည်းတစ်နိုင်ငံလုံးနှင့်အပြိုင်ကောက်ယူခဲ့ပါသည်။

ထိုသို့ကောက်ယူရာတွင် တိုင်းရင်းသားများအားကို သတ်မှတ်ကာလအတွင်းအောင်မြင်စွာကောက်ယူနိုင် ခဲ့သော်လည်း ဘင်္ဂါလီများကိုကောက်ခံရာတွင်လူမျိုးအမည် လိမ်လည်မှုများကြောင့် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်များ အတိုင်း ကောက်ယူ လုပ်ဆောင်ခဲ့ကြရပြီးကောက်ယူရန်မေးမြန်းရန် သတ်မှတ်ကာလကုန်ဆုံးသည် အထိ ဆောင်ရွက် လုပ်ကိုင်ခဲ့ ရကြောင်း သိရသည်။

ထိုသို့ကောက်ခံရန် အစိုးရမှ ထောက်ပံ့ငွေ အပြင် UNFPA မှ တစ်ဦးလျှင် ပထမ ၆၀၂၀၀ ပေးခဲ့ပြီး နောက်ကျန်ငွေများကို လက်မှတ်တစ်စောင်စီ စာရင်းကောာက်များကိုပေးပြီး မေလတွင် ထုတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည် ဟုသိရသည်။

သို့ရာတွင် တစ်ခြားမြို့နယ်များတွင် လက်ခံရရှိသော်လည်းဘူးသီးတောင်မြို့နယ်တွင်မူ ပထမပေးငွေ ၆၀၂၀၀ ကျပ်ကို အချို့ စာရင်းကောက်/စာရင်းစစ် ဆရာ/မ များ လုံးဝ မရသေးသည့်အပြင် ကျန်ငွေများကိုလည်း တစ်ယောက်မှ
မရရှိသေးကြောင်း စာရင်းကောက်တစ်ဦးမှ ပြောကြားချက်အရ သိရသည်။

ထိုငွေများကို မည်သည့်အချိန်တွင် မည်သူကထုတ်ပေးမည်၊မည်သည့်နေရာတွင်ထုတ်ပေးမည် စသည်ဖြင့်လည်း
မည်သိုမျှအကြောင်းပြန်ကြားခြင်းလည်း မရှိကြောင်း အဆိုပါ UNFPA မှ ပေးသည့် ငွေထုတ်လက်မှတ်တွင် မြို့နယ်သန်းခေါင်စာရင်းအရာရှိ ခင်မောင်မြင့်၊လဝက-၂၈၄၂၊ ဦးစီးအရာရှိဟု တံဆိပ်နှိပ် လက်မှတ်
ထိုးထားကြောင်း အဆိုပါ စာရင်းကောက် က ရှင်းပြပါသည်။

ထိုသို့ မရေမရာ ဖြစ်ပေါ်နေသည့်အတွက် မသမာမှု ဖြစ်မည်လောဟု သံသယများ တိုးပွါးနေလျှက် ရှိပါသည်။

ပေးပို့သူ

ဘစောသီရိ
ဘူးသီးတောင်မြို့
Coral Arakan News

Posted by Arakan News on 6/14/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ