Related Posts Plugin for WordPress, Blogger...

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းအား ပြန်လည်လွှဲပြောင်းပြီးနောက် နှစ်နိုင်ငံလုံခြုံရေး တာဝန်ရှိသူများအား တွေ့ရစဉ်


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် RSO သောင်းကျန်းသူအဖွဲ့ ဝင်ရောက်လှုပ်ရှားလျက်ရှိကြောင်း သတင်းရရှိသည့်အတွက် မိမိနယ်မြေခံလုံခြုံရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိရာ မေ ၂၈ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် RSO သောင်းကျန်းသူအဖွဲ့မှဟုယူဆရသော လက်နက် ကိုင် ဆောင်ထားသူ နှစ်ဦးသည် မိမိနိုင်ငံနယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာခဲ့သဖြင့် လုံခြုံရေး ဆောင်ရွက် နေသော နယ်မြေခံလုံခြုံရေးတပ်ဖွဲ့နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ အဝါရောင်ပြောက်ကျား ယူနီ ဖောင်းဝတ် အလောင်းတစ်လောင်း၊ ၄င်းကိုင်ဆောင်သောသေနတ်တစ်လက်နှင့် ခဲယမ်းအချို့တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်းသိရသည်။

မေ ၂၉ ရက်တွင် ဘင်္ဂလားဒေ့ရှ် စစ်သံရုံး (ရန်ကုန်)မှ အကြောင်းကြားချက်အရ ၄င်းတို့နယ်ခြားစောင့် တပ်ဖွဲ့မှ အဖွဲ့တစ်ဖွဲ့သည် လှည့်ကင်းတာဝန်ထမ်းဆောင်နေစဉ် ၄င်းတို့တပ်ဖွဲ့ဝင်တစ်ဦး ပျောက်ဆုံး လျက်ရှိကြောင်း၊ မြန်မာနိုင်ငံဘက်မှ ထိန်းသိမ်းထားရှိပါက ပြန်လည်လွှဲပြောင်းပေးစေလိုကြောင်း၊ သေဆုံး ပါကလည်း အလောင်းကို ပြန်လည်ပေးအပ်စေလိုကြောင်း ညှိနှိုင်းအကြောင်းကြားလာခဲ့သည်။ မိမိဘက်မှ လည်း အဝါရောင်ပြောက်ကျား ယူနီဖောင်းဝတ်အလောင်းတစ်လောင်းကို နယ်စပ်မှတ်တိုင်(၅၂)အနီး၊ မိမိနိုင်ငံနယ်မြေအတွင်းတွင် တွေ့ရှိထားကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အလောင်း မှန်ကန်ပါက ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်စပ်မှတ်တိုင်(၅၂)အနီးတွင် ပြန်လည်လွှဲပြောင်းပေး အပ်မည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်။

မေ ၃၁ ရက် ညနေ ၅ နာရီ ၅ မိနစ်တွင် အမှတ်(၃၁)ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ဒုတိယတပ်ရင်း မှူး ဗိုလ်မှူးကာရပ်ဖ်ဦးစီးအဖွဲ့ နယ်စပ်မှတ်တိုင်(၅၂)အနီးသို့ ရောက်ရှိလာခဲ့ရာ မိမိလုံခြုံရေးတပ်ဖွဲ့ တာဝန် ရှိသူ များက ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးသေဆုံးသူအလောင်းကို စိစစ်ခဲ့ရာ အမှတ်(၃၁) ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်မှ ၄င်းတို့တပ်ဖွဲ့ဝင်ဖြစ်သည်မှာ မှန်ကန်ကြောင်း၊ တပ်ကြပ်အဆင့်ရှိ မာဇမ်ဆိုသူဖြစ်ကြောင်း၊ ၄င်းသည် နယ်မြေရှင်းလင်းဆောင်ရွက်စဉ် လူစုကွဲ ပျောက်ဆုံး သွားခဲ့သူဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်နိမိတ်နယ်စပ်ဒေသတွင် လိုက်နာလုပ်ဆောင်ရမည့် အချက်များကို ဆောင်ရွက်ခဲ့ခြင်းမရှိသဖြင့် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းဝင်ရောက်သွားစဉ် လုံခြုံရေး အဖွဲ့များနှင့်ထိတွေ့ပြီး ယခုကဲ့သို့ဖြစ်စဉ်ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ပြဿနာ မရှိပါကြောင်း၊ ၄င်းတို့အနေဖြင့်ဘယ်လိုမှစိတ်ထဲမှာ မထားကြောင်း၊ မြန်မာဘက်အနေဖြင့်လည်း စိတ်ထဲ တွင် မည်သို့မျှ မထားရန်နှင့် ယခုကဲ့သို့ အပြည့်အဝ ကူညီပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ၄င်းတို့အထက်ဌာနမှလည်း ကျေးဇူးတင်နေပါကြောင်း၊ ၄င်းတို့ဘက်တွင်အခြားပြဿနာများရှိပါက ပြောကြား ရန်နှင့် လိုအပ်ပါက ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မိမိလုံခြုံရေးတပ်ဖွဲ့တာဝန်ရှိသူကလည်း ဖြစ်စဉ်နေရာကို လိုက်လံပြသခြင်း၊ ဖြစ်စဉ်ဖြစ်ပွားပုံကို ရှင်းလင်းပြောကြားခြင်း၊ နယ်စပ်လုံခြုံရေး ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ စောင့်ထိန်းလိုက်နာရမည့် အချက်များကို အလေးထားဆောင်ရွက်ပေးစေလိုကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ရုပ်အလောင်းကို စနစ်တကျ လက်မှတ်ရေးထိုးလွှဲပြောင်းပေးအပ်ခဲ့သည်။

ညနေ ၅နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များသည် ရုပ်အလောင်းကို လက်ခံယူပြီး နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ပြန်လည်ထွက်ခွာသွားခဲ့သည်။ အထက်ပါ နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ်နှင့်ပတ်သက်၍နှစ်နိုင်ငံအကြားဆက်ဆံရေး၊ ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ဆက် လက်ထိန်းသိမ်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် RSO သောင်းကျန်းသူများ အခြေမခံ နိုင်ရေး၊ မလိုလားအပ်သော နယ်စပ်ပြဿနာ များ မပေါ်ပေါက်စေရေးတို့အတွက် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်နိုင်ရန်နှစ်နိုင်ငံအလံတင်အစည်းအဝေးကို မကြာမီရက်ပိုင်းအတွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ