(နိရဉ္စရာ- ၁၀ ဇွန်လ ၂၀၁၄)

ပညာရည်နိမ့်ပါးခြင်းသည်
ဆင်းရဲမွဲတည်မူနှင့်လည်း တိုက်ရိုက် သက်ဆိုင်သည်။ ရခိုင်ပြည်နယ်မှ အစိုးရ
ကျောင်းတစ်ကျောင်းပုံ ဖြစ်ပါသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တက္ကသိုလ် ၀င်တန်းစာမေးပွဲ အောင်ချက်မှာ
တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် ရခိုင်ပြည်နယ်သည် နံပတ် ၁၃ နေရာတွင် ရှိကာ
အောင်ချက် ဒုတိယ အနည်းဆုံး ပြည်နယ် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း အောင်ချက်မှာ ၁၈ ဒသမ ၂၂ ရာခိုင်နှုန်းရှိပြီး ချင်းပြည်နယ်တွင် ၈ ဒသမ ၀၅ ရာခိုင်နှုန်း ဖြစ်သည်။
ချင်းပြည်နယ်မှာ နံပတ် ၁၄ နေရာတွင် ချိတ်ပြီး ရခိုင်ပြည်နယ်မှာ နံပတ် ၁၃ နေရာတွင် ချိတ်ခဲ့သည်။
၂၀၁၃-၂၀၁၄ ခုနှစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မွန်ပြည်နယ်သည်
အောင်ချက် အများဆုံးဖြင့် ဖြစ်ပြီး အောင်ချက်မှာ ၄၇ ဒသမ ၁၃ ရာခိုင်နှုန်း
ရှိသည်ဟု သိရသည်။
ဒုတိယမှာ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး ၄၄ ဒသမ ၈၆ ရာခိုင်နှုန်းအောင်မြင်ခဲ့သည်။
တခြားအောင်ချက် ရာနုန်းမြင့်မားသော ပြည်နယ်များမှာ
တနင်္သာရီတိုင်းဒေသကြီးတွင် ၄၀ ဒသမ ၉၄ ရာခိုင်နှုန်း၊
ရန်ကုန်တိုင်းဒေသကြီးတွင် ၃၅ ဒသမ ၁၃ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင် ၃၃ ဒသမ
၀၁ ရာခိုင်နှုန်း၊ ပဲခူး(အရှေ့/အနောက်)တွင် ၂၉ ရာခိုင်နှုန်းနှင့်
ကချင်ပြည်နယ်တွင် ၂၈ ဒသမ ၅၉ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၂၈ ဒသမ ၅၂ ရာခိုင်နှုန်း၊
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၈ ဒသမ ၀၂ ရာခိုင်နှုန်း၊ နေပြည်တော်တွင် ၂၆
ဒသမ ၆၃ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၅ ဒသမ ၁၂
ရာခိုင်နှုန်း၊ မကွေးတိုင်းဒေသကြီးတွင် ၂၅ ဒသမ ၀၅ ရာခိုင်နှုန်း၊
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂၁ ဒသမ ၈၇ ရာခိုင်နှုန်းရှိကြောင်းသိရသည်။
ယခင်နှစ်က ရခိုင်ပြည်နယ်၏ အောင်ချက်မှာ ၂၈ ရာခိုင်နုန်းရှိခဲ့သည်။

0 comments