Related Posts Plugin for WordPress, Blogger...


ဗိုလ်ချုပ် (ဦးအောင်ဆန်း) မမွေးခင် ကထဲက လွတ်လပ်ရေး ကြိုးပမ်းမှုတွေ လုပ်နေကြတာ။ တနည်း မဟုတ် တနည်း နဲ့ပါပဲ။ အဲဒီ့ခေတ် နိုင်ငံရေး ပါတီတိုင်း ကလည်း လွတ်လပ်ရေး အတွက် ကြိုးစား နေကြ တာပါပဲ။ ဗိုလ်ချုပ် (ဦးအောင်ဆန်း) မပါလဲ လွတ်လပ်ရေး က ရမှာ ပါ။ လွတ်လပ်ရေး တောင်းဆို နေတဲ့ ကိုလိုနီ နိုင်ငံ တော်တော် များများကို ဒုတိယ ကမ္ဘာ စစ် ပြီး တော့ ဗြိတိလျှ အစိုးရ က အုပ်ချုပ်ရေး စရိတ် မတတ် နိုင်တော့ လို့ လွတ်လပ်ရေး ပေးရ တာ ကလည်း အကြောင်း တခုပါ။ လွပ်လပ်တဲ့ နိုင်ငံ ရယ်လို့ ဖြစ်လာရင် ဗိုလ်ချုပ် (ဦးအောင်ဆန်း) ဖွဲ့ဖွဲ့ မဖွဲ့ဖွဲ့ စစ်တပ် ဆိုတာ ဖွဲ့ရမှာ ပါပဲ။ တခုတော့ ကွာနိုင်တယ်။ ဖက်ဆစ် ဂျပန် လေ့ကျင့် ပေးခဲ့တဲ့ တပ်မတော် နဲ့ အင်္ဂလိပ် လေ့ကျင့် ပေးတဲ့ တပ်မတော် ဆိုပြီး ကွာနိုင် ပါတယ်။

၁၉၆၂ စစ်အာဏာ သိမ်းပြီး ကထဲက ဖဆပလ ပါတီ အပါအ၀င် ဘယ် နိုင်ငံရေး ပါတီများ နဲ့ ဘယ် နိုင်ငံရေး သမားရဲ့ သမိုင်းကြောင်း မှ အရေး မခံတော့ပဲ သမိုင်း ဖြစ်ရပ်မှန် များ အဖျောက် ခံရပြီး ဗိုလ်ချုပ် (ဦးအောင်ဆန်း) နဲ့ တပ်မတော်ရဲ့ ဦးဆောင်မှု နဲ့ လွတ်လပ်ရေး ရတာပါ ဆိုတာပဲ အထပ်ထပ် ရေးခွင့် ရပါတော့တယ်။ လွပ်လပ်ရေး သမိုင်း ကြောင်းနဲ့ ပတ်သက်ရင် ဗိုလ်ချုပ် (ဦးအောင်ဆန်း) နဲ့ တပ်မတော် က ဟီးရိုး၊ ဗကပက ဗီလိန်း၊ ဖဆပလ က ဇာတ်ရံ၊ ကျန် တာတွေ ကို ဝေလေလေ လုပ်ထားတာ ခံခဲ့ ရတာပါ။ အနှစ် ၅၀ အတွင်း သမိုင်းကြောင်းတွေ ပျောက်ဆုံး ကုန်ပါတယ်။ ဦးနေ၀င်း က Brainwash လုပ်ခဲ့ တာ ပါ။

ဗိုလ်ချုပ် (ဦးအောင်ဆန်း) ပါပါ မပါပါ လွပ်လပ်ရေး ရမှာ ပါ ဆိုတာ က လည်း မိမိ ရဲ့ လွတ်လပ်သော အမြင် ပါပဲ။ ဒီအမြင်နဲ့ ပတ်သက်ပြီး ကြိုက်တာ မကြိုက်တာ ဂရု မစိုက် သလို ကျေးဇူး ကန်း တယ် လို့ စွပ်စွဲ တာ ကိုလည်း လက်မခံ ပါဘူး။ လွပ်လပ်ရေး အတွက် ကျေးဇူး တင်မယ် ဆိုရင် ဗိုလ်ချုပ် (ဦးအောင်ဆန်း) နဲ့ တကွ အဲဒီခေတ် နိုင်ငံရေး ခေါင်းဆောင် အားလုံး ၀ိုင်းကြိုးစား ခဲ့ကြတာ ဖြစ်တဲ့ အတွက် အဲဒီ့ခေတ် နိုင်ငံရေး သမား အားလုံး ကို ကျေးဇူး တင်ရမှာပါ။ လွပ်လပ်ရေး ကြိုးပန်းမှု သမိုင်းမှာ ပါဝင်တဲ့ ဦးဘဘေ၊ ဦးပု က စပြီး ဦးနု၊ ဦးဘဆွေ၊ ဦးသိန်းဖေ အထိ နိုင်ငံရေး ခေါင်းဆောင် အားလုံးကို လည်း ကျေးဇူး တင်ပါတယ်။

ဒီလိုပဲ လက်ရှိ ဒီမိုကရေစီ အရေးတော်ပုံကြီး သည် လည်း အားလုံးရဲ့ လိုလားချက် မို့လို့ အစွန်းရောက် အတွေးအခေါ်နဲ့ အနှောက် အယှက်များ မရှိရင် မကြာမီ အောင်မြင် မယ် လို့ ယုံကြည် ပါတယ်။ အန်တီစုနဲ့ NLD ကြောင့် အောင်မြင် တယ် လို့ ဆိုလာရင် လက်မခံ ပါဘူး။ ဒီမိုကရေစီ ရေး အောင်မြင်မှု အတွက်လည်း အားလုံးကို ကျေးဇူး တင်မှာပါ။

လက်တွေ့ ကျကျ စဉ်းစား ကြည့်တာပါ။

Moe Hein Kyaw
03-06-2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ