Related Posts Plugin for WordPress, Blogger...

တနိုင်းချောင်းအတွင်း စက်လှေမတော်
တဆတိမ်း မှောက်မှုကြောင့် လှေတွင်
လိုက်ပါလာသည့် နာဂအမျိုးသားဆိုရှယ်
လစ်ကောင်စီ (ငြိမ်းချမ်းရေး) အဖွဲ့မှ အရာ
ရှိအဆင့်နှစ်ဦး ပျောက်ဆုံးနေကြောင်း


ခန္တီးမြို့နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ပြန်ကြားဆက်ဆံရေးရုံးမှ  သတင်းရရှိသည်။

ဇွန်လ ၂၀ ရက်က နန်းယွန်း မြိ့နယ်ပိုင် တကားကျေးရွာ၊ တကားချောင်းမှ တနိုင်းချောင်းသို့ ဆန်တက်လာစဉ် တကားချောင်း နှင့် တနိုင်းချောင်းဆုံအရောက် တွင် လှိုင်းရိုက်ခတ်မှုကြောင့် စက်လှေတိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။

‘‘စက်လှေသမားအပါအဝင် ဝန်ထမ်းက ခြောက်ယောက်ပါ သွားတာ။ ငါးယောက်က အသက် ပြန်ရှင်တယ်။  နှစ်ယောက်က တော့ ပျောက်နေတယ်လို့ သတင်းရထားတယ်။  အခုအချိန်ထိ ပြန်မတွေ့သေးဘူး’’ဟု  ပြန်ကြားဆက်ဆံရေးရုံးမှ တာဝန်ခံတစ်ဦးက ပြောသည်။

  စက်လှေတိမ်းမှောက်မှု ကြောင့် နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ  (ငြိမ်းချမ်းရေး) အဖွဲ့မှ  ဗိုလ်ကြီးအဆင့်တစ်ဦးနှင့် အရာခံဗိုလ်တစ်ဦးတို့ပျောက်ဆုံး နေကြောင်း သတင်းရရှိသည်။

 ယခုတစ်ပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် တနိုင်းချောင်းအပါအဝင် တရုံ၊ တဝမ်ချောင်းများ ရေကြီးနေသည့် အတွက် စက်လှေလမ်းကြောင်းများလည်း ပိတ်ထားသည်။
7Day News Daily

Posted by Arakan News on 6/24/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ