Related Posts Plugin for WordPress, Blogger...

 မောင်တော၊ ဇွန် ၇- မေ ၁၃ရက်မှ ၂၉ရက်အထိ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ် မိုင်တိုင်တစ်လျှောက် တွင် RSO လက်နက် ကိုင်သောင်း ကျန်းသူများနှင့် မြန်မာ နယ်စပ် လုံ ခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွား မှုကြောင့် မောင်တော နယ်စပ်တွင် ညမထွက်ရ အမိန့်ကို တင်းကျပ် ထား ကြောင်း သိရသည်။
''ညအချိန် လုံခြုံရေးကားတွေ အရင်ထက်ပတ်တာ တွေ့နေရတယ်၊ ရဲတွေအပြင် စစ်တပ်လဲပါတယ်၊ အ ရင်တုန်းက နားလည်မှုနဲ့ ညမထွက် ရတဲ့ အချိန်ထက် နည်းနည်းလွန် သွားရင်လဲ သွားလာလို့ ရပေမယ့် ဒီရက်ပိုင်း အတွင်းမှာ အချိန်လွန်ပြီး မနေဖို့ မနေ့ညက လုံခြုံရေးအရာ ရှိတစ်ဦးက ပြောခဲ့တယ်''ဟု မြို့ခံ တစ်ဦးက ပြောသည်။

ယခုအခါ ၂၀၁၂ခုနှစ်က မောင် တောနယ်စပ်တွင် ဆူပူအကြမ်းဖက် ခံရသည့် ဇွန် ၈ရက်နေ့သည်လည်း နီးကပ်လာနေပြီး ဆူပူ အကြမ်းဖက် မှုများ တစ်နည်းမဟုတ်တစ်နည်း ဖြစ်ပွားလာနိုင်သောကြောင့် လုံခြုံရေး ကို ဂရုစိုက်ရန် အရေးတကြီး လို နေကြောင်း ယင်း က ထပ်မံပြောကြား သည်။
''မသီတာထွေးဖြစ်စဉ်က မေ ၂၈ရက်၊ တောင်ကုတ်ဖြစ်စဉ်က ဇွန် ၃ရက်၊ မောင်တောဖြစ်စဉ်က ဇွန် ၈ ရက်ဆိုတော့ ဒီကာ လတွေ မှာ လုံခြုံ ရေးတာဝန်ယူထားတဲ့သူတွေနဲ့ ဒေသ ခံတွေက အရင်ကထက် သတိရှိဖို့ လိုပါတယ်''ဟု ဌာနဆိုင်ရာမှ တာဝန် ရှိသူ တစ်ဦးက သုံးသပ်ပြောသည်။
ယခုအခါ မောင်တောနယ်စပ်တွင် ညမထွက်ရအမိန့်ကို ည ၁၁နာရီ မှ နံနက် ၄နာရီအထိ သတ်မှတ်ထား သည့်အတွက် ဒေသခံ များ အနေဖြင့် သတ်မှတ်ထားသည့် အချိန်ထက် ကျော်လွန်ကာ လမ်းထွက်ခြင်းများ မပြုလုပ်ရန် လိုအပ်ကြောင်း သိရ သည်။

NT
[--Democracy today Daily Newspaper--]

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ