Related Posts Plugin for WordPress, Blogger...

ဇွန် ၁ ရက်နေ့ အခင်းဖြစ်ပွားစဉ်က
တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်ထဲမှာ မြေသိမ်းခံ တောင်သူလယ်သမားနဲ့ အာဏာပိုင် တွေကြား အခြေအတင်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် လယ်သမား အယောက် ၂၀ ကို မြို့မရဲစခန်းက ဒီကနေ့ မနက် ခေါ်ယူစစ်ဆေးပါတယ်။

ထားဝယ်မြို့ ဆန်းချီရပ်ကွက်က သူတို့ပိုင် လယ်မြေတွေမှာ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက တိုင်တွေလာစိုက်တဲ့သွားအတွက် တဘက်နဲ့တဘက် အခြေအတင်ဖြစ်ပွားခဲ့ပြီး ရဲစခန်းက သူတို့ကို ခေါ်စစ်ခဲ့တယ်လို့ ရွာသူတဦးဖြစ်တဲ့ မရွှေစင်ယုက ပြောပါတယ်။
“လျော်ကြေးမယူရသေးတဲ့ လယ်တွေထဲမှာ သူတို့က မြေတိုင်းဖို့၊ အကွက်ရိုက်ဖို့ဆိုပြီး ရဲအင်အား ၅၀ ကျော်နဲ့ အုပ်ချုပ်ရေးပိုင်း ၀န်ထမ်းတွေနဲ့ ကုမ္ပဏီက အလုပ်သမားတွေက ကျမတို့လယ်ထဲမှာ တိုင်တွေ လာစိုက်တယ်။ လယ်သမားတွေက တားတယ်၊ သူတို့ဘက်က အင်အားသုံးပြီး အတင်းစိုက်တယ်၊ ကျမတို့က အစိုက်မခံဘူး။”

အခုလို ခေါ်ယူစစ်ဆေးတာနဲ့ပတ်သက်ပြီး ထားဝယ်မြို့မရဲစခန်း စခန်းမှူး ဦးမျိုးမြင့်ဦးက “အထွေထွေအုပ်ချုပ်ရေးဌာနက ဦးစီးအရာရှိကနေပြီး တရားလိုလုပ်ပြီး တိုင်ထားတာရှိပါတယ်။ တာဝန်ဝတ္တရားဆောင်ရွက်နေတဲ့အချိန်မှာ နှောင့်ယှက်မှုနဲ့ ၁ ရက်နေ့က။ ညက အမှုဖွင့်တယ်။ အမှုဖွင့်လို့ ကျနော်တို့က ခေါ်ယူစစ်ဆေးနေတုန်းပဲ ရှိသေးတယ်။ ဖမ်းတာဆီးတာ ဘာမှမလုပ်ရသေးဘူး” လို့ ပြောပါတယ်။

ရဲစခန်းက ရွာသားတွေကို အဲဒီမြေယာပေါ်မှာ စတင်လုပ်ကိုင်တဲ့နှစ်၊ ပိုင်ဆိုင်မှု အထောက်အထား၊ အာဏာပိုင်တွေကို ကန့်ကွက်ရတဲ့ အကြောင်းရင်း စတာတွေနဲ့ ပတ်သက်ပြီး ၁ ဦးကို ၁ နာရီလောက် စစ်မေးကာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ လယ်သမား ဦးသန်းမြက ပြောပါတယ်။

ဆန်းချီရပ်ကွက်ထဲက မြေဧကပေါင်း ၃၀၀ ကျော်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က အသိမ်းခံထားရတာဖြစ်ကြောင်း၊ အဲဒီထဲက ဧက ၁၀၀ ကျော်မှာ ဌာနဆိုင်ရာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး၊ ကုမ္ပဏီ စတဲ့ အဆောက်အဦတွေ ဆောက်လုပ်ထားပြီး သမ္မတဦးသိန်းစိန် လက်ထက်မှာ ရွာသားတွေက မိမိမြေယာ ပြန်ရရေးအတွက် တောင်းဆို တိုင်တန်းမှုတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေယာပြန်ရရေး တောင်းဆိုထားတဲ့ လယ်ပိုင်ရှင် ၆၄ ဦးရှိပြီး အာဏာပိုင်တွေက ၃ ဧက ကို (ပေ ၄၀ – ၆၀ ) အကျယ်ရှိ မြေတကွက်စီ ပြန်ချပေးမယ်လို့ ပြောခဲ့ပေမယ့် ရွာသားတွေက တဧကကို တကွက် ပြန်လိုချင်ကြောင်း၊ သူတို့ အစားထိုးပြန်ပေး မယ့် မြေတွေဟာလည်း ရေ၀ပ်ဧရိယာတွေဖြစ်နေတဲ့အပြင် ၀င်ထွက်ရ ခက်ခဲတယ်လို့ ဆိုပါတယ်။

ဒီမြေယာပြဿ နာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ကို တိုင်တန်းခဲ့ပြီး ဆန္ဒပြတောင်းဆိုမှု ၂ ကြိမ် လုပ်ခဲ့တယ်လို့ လယ်သမားခေါင်းဆောင် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

By နန်းမြနဒီ (ဒီဗွီဘီ)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ