Related Posts Plugin for WordPress, Blogger...

Miss Asia Pacific World 2014 အလှမယ် မေမြတ်နိုးဟာ ဇွန်လ ၅ ရက် ည ၁၀ နာရီက ကိုရီးယား လေကြောင်းလိုင်းနဲ့ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိလာပါတယ်။

အလှမယ်သရဖူနဲ့ ပြန်ရောက်လာတဲ့ မေမြတ်နိုးကို မိသားစု၊ မိတ်ဆွေ၊ ဖက်ရှင် မော်ဒယ် အသိုင်းအ၀ိုင်း၊ အိပ်မက်ဆုံရာက မိတ်ဆွေတွေနဲ့ ပရိသတ်အချို့ကြိုဆိုခဲ့ပါတယ်။

မြန်မာအလှမယ် မေမြတ်နိုးဟာ Miss Asia Pacific World 2014  ပြိုင်ပွဲမှာ အသက် ၁၈ နှစ်အရွယ် မေမြတ်နိုးဟာ လူကြိုက်အများဆုံးဆုကိုလည်း ကနေဦးက ရရှိထားပြီး မေလ ၃၁ ရက်နေ့ နောက်ဆုံးအဆင့်မှာ ကိုရီးယားအလှမယ်ကို ယှဉ်ပြိုင်အနိုင်ယူကာ Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူးသွားတာပါ။

အခုနောက်ပိုင်း မြန်မာအလှမယ်တွေ နိုင်ငံတကာပြိုင်ပွဲတွေ ၀င်ရောက်ယှဉ်ပြိုင်လာကြပြီး အများစုက အင်တာနက်မယ်ဆု၊ လူကြိုက်အများဆုံးဆု စတဲ့ မဲပေးစနစ်ဆုတွေ ရရှိခဲ့ကြချိန်မှာ မေမြတ်နိုးက ပထမဆုံးအကြိမ် နိုင်ငံတကာ အလှမယ် သရဖူ ဆွတ်ခူးနိုင်သူ ဖြစ်လာပါတယ်။

ကိုရီးယားရုပ်ရှင်အစည်းအရုံးရဲ့ အထူးအသင်းဝင်အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး ကျောင်းစာသင်ရင်းနဲ့ ပရဟိတတွေလည်း လုပ်သွားမယ်၊ အနုပညာလောကထဲကိုလည်း ၀င်ရောက်ဖို့ ရှိတယ်လို့ ဆိုးလ်မြို့မှာ ရှိတုန်း ဒီဗွီဘီက ဆက်သွယ်မေးမြန်းစဉ် မေမြတ်နိုးက ပြောခဲ့ပါတယ်။

  By မျိုးဇော်လင်း (ဒီဗွီဘီ)

ဓာတ်ပုံ – မျိုးဇော်လင်း

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ