Related Posts Plugin for WordPress, Blogger...

တရုတ်နိုင်ငံတွင် ရေကြီးရေလျှံနေသည့်
 ဒေသသို့ သွားရောက်စဉ် ရေစိုမည်
စိုးသဖြင့် ဝန်ထမ်းတစ်ဦး၏ ကျောကုန်း
ထက်မှ လိုက်ပါခဲ့သော အစိုးရ အရာရှိ


တစ်ဦး ရာထူးမှ ထုတ်ပယ်ခံလိုက်ရကြောင်း သိရှိရသည်။

ပြည်သူ့ဆက်ဆံရေး အရာရှိ တစ်ဦးဖြစ်သည့် ဝမ်ဂျွန်ဟွာသည် ရေကြီးပြီး ကျောင်းသူကျောင်းသားနှစ်ဦး သေဆုံးခဲ့သည့် ဒေသသို့ စစ်ဆေးရေး ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဂွမ်ရှီမြို့ရှိ ပြည်သူ့ဆက်ဆံရေး ဌာနမှ လက်ထောက်ဒါရိုက်တာဖြစ်သူ ဝမ်သည် ရွှံ့ရည်များ ပြည့်နှက်နေသည့် ဒေသတွင် ၎င်း၏ ဖိနပ်များ ရေစိုမည်ကို စိုးရိမ်နေခဲ့သည်။

ထို့ကြောင့်လည်း ၎င်းကို လက်အောက်ဝန်ထမ်း တစ်ဦးက ကုန်းပိုးစေပြီးမှ လှည့်ပတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ဝမ်က မိမိ၏ အရောင်နုနု သားရေရှူးဖိနပ် အပျက်စီး မခံနိုင်ဟု ပြောဆိုခဲ့သေးကြောင်းလည်း သိရသည်။

လက်အောက်ငယ်သား ဒင်ရှန်ဘို၏ ကျောကုန်းထက် လိုက်ပါရင်း ရေကြီးရာ ဒေသတွင် စစ်ဆေးနေသည့် ဝမ်၏ဓာတ်ပုံများ အင်တာနက်ပေါ် ပျံ့နှံ့လာသည့်နောက် ၎င်း၏ အပြုအမူကို တရုတ်ပြည်သူ အများအပြားက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ ယခုအခါတွင်မူ ဝမ်တစ်ယောက် ရာထူးမှ ဖယ်ရှားခံလိုက်ရပြီ ဖြစ်သည်။

ဝမ်၏ ကွင်းဆင်းစစ်ဆေးမှုကို မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံ တစ်ဦးဖြစ်သော ဟူပန်းက “ဒီလူ့ကို ကြည့်ရတာ မာန်တက်ပြီး စိတ်မပါ လက်မပါ ဖြစ်နေသလိုပဲ။ ဒီနေရာကို သူရောက်လာတာဟာ လူထုရဲ့ ထောက်ခံမှု ရချင်ရုံ သက်သက်ပဲဆိုတာ အရမ်းသိသာတယ်။ ဒါပေမဲ့ ဒီကလူတွေ အားလုံးက သူ့ရဲ့ သရုပ်မှန်ကို သဘောပေါက်ကုန်ကြတယ်။ သူ့လက်အောက်က ဝန်ထမ်းတစ်ယောက်ကို မြည်းတစ်ကောင်လို သဘောထား အသုံးချသွားတာပါ။ အဲဒီဝန်ထမ်းအတွက် ကျွန်တော် စိတ်မကောင်းဘူး။ တော်တော်လေး ရှက်သွားရှာပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီ အကြီးအကဲများက ယင်းသတင်းကို ကြားသိပြီးနောက် ဝမ်ကို ရာထူးမှ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းနှင့် တောင်ပိုင်း ဒေသများတွင် ဇွန်လလယ် ကတည်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ဒေသအချို့၌ ရေကြီးမှုများ ဖြစ်ပေါ်နေရာ အနည်းဆုံး (၁၄)ဦး သေဆုံးပြီး (၄)ဦး ပျောက်ဆုံးနေကြောင်း သိရှိရသည်။

_Ref: Dailymail
7Day News Daily

Posted by Arakan News on 6/24/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ