Related Posts Plugin for WordPress, Blogger...

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ပတ်စပို့စာအုပ်နဲ့ work permit စတဲ့ အထောက်အထားတွေ ပြည့်စုံစွာ ရှိပါလျက် ဖမ်းဆီးခံရပါက အကြောင်းကြားနိုင်ကြောင်း အလုပ်သမားသံအရာရှိ ဦးသိန်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။
10377178_1416461481970324_4851512478262570866_nထိုင်းနိုင်ငံအစိုးရ ရဲ့ နိုင်ငံရေး အရ ဖြစ်ပေါ် ပြောင်း လဲနေတဲ့ အကြောင်း အမျိုး မျိုးကြောင့် ရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းစစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးနေတဲ့အပေါ် ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။
“ကျနော်တို့က မြန်မာသံအမတ်ကြီးက ထိုင်းကာကွယ်ရေးဦးစီးချုပ်နဲ့ ပြီးခဲ့တဲ့ သောကြာနေ့က တွေ့တဲ့အခါမှာ အထောက်အထား ပြည့်စုံတာတွေကို ဖမ်းဆီးခြင်းမပြုလုပ်ဖို့ ကန့်ကွက်တဲ့အနေအထားမျိုးနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာရှိပါတယ်။ ထိုင်းစစ်တပ်ဘက်ကလည်း အထောက်အထားပြည့်စုံရင် မဖမ်းဘူးဆိုပြီး ကြေညာချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲဒါကြောင့် ကျနော်တို့က အခုလို ထုတ်ပြန်တာ။ တကယ်လို့ ရှိခဲ့ရင်၊ ကျနော်တို့နဲ့လည်း နီးစပ်မယ်ဆိုရင် ကျနော်တို့ ကိုယ်တိုင် ဆင်းလာပြီး ဆောင်ရွက်ပေးပါ့မယ်။”
ရွှေ့ပြောင်းအလုပ်သမားများ အနေနဲ့ ဖမ်းဆီးခံရပါက အလုပ်သမားသံအရာရှိထံ အောက်ဖော်ပြပါ ဖုန်းနံပါတ်တွေကို အချိန်မရွေး ဆက်သွယ် အကြောင်းကြားနိုင်ပါတယ်။
ဆက်သွယ်ရန် ဖုန်းနံပါတ်များ
၀၈၆ ၇၇၇ ၆၈၂၅
၀၈၃ ၉ ၈၁ ၂၁၇၅
၀၉ ၁ ၅၃၇ ၀၀၁၈
၀၈၃ ၅၄၄ ၆၄၄၂


ဒီဗွီဘီသတင်း

Posted by Unknown on 6/17/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ