Related Posts Plugin for WordPress, Blogger...



တကယ်တော့ ၂ဝဝ၃ ခုနှစ် ကတည်းက စတင်ပြီး ထိုင်းအစိုးရနဲ့ မြန်မာအစိုးရတိုရဲ့ နှစ်နိုင်ငံ သဘောတူညီချက် တွေအရ မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမားတွေ တရားဝင် အလုပ်လုပ် နိုင်ဖို့အတွက် ယာယီနိုင်ငံကူး လက်မှတ်တွေကို စတင်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်... မြန်မာဘက်မှာတော့ မြဝတီ ကော့သောင်း တာချီလိတ် စတဲ့နယ်စပ် မြို့ကြီးတွေမှာ လုပ်ပေးခဲ့တာပါ...


ဒါပေမယ့် ကုန်ကျစားရိတ် ကြီးမြင့်တာ မှတ်ပုံတင် အိမ်ထောင်စုစာရင်း အခက်အခဲနဲ့ အလုပ်ရှင်တွေဆီက ခွင့်ပြုချက်မရတာ အချိန်မပေးနိုင်တာ စတာတွေကြောင့် ဘယ်သူကမှ အထူးအတွေ အပင်ပန်းခံပြီး မလုပ်ကြပါဘူး... မိမိတို့ရဲ့ ကံကြမ္မာကို ပွဲစားတွေ... နယ်စပ်က လက်နက်ကိုင်တွေနဲ့ ထိုင်းရဲတွေလက်မယ် အပ်ပြီးတော့ အလုပ်သွားလုပ်ကြတာပါ...

၂၀၁၀ ခုနှစ်မှာ ထိုင်းအစိုးရက စီမံချက်နဲ့ အလုပ်သမား လက်မှတ်ရှိသူတွေကို ၂ နှစ်တိုးပြီး အလုပ်လုပ်ကိုင်ခွင့် ပြုမယ်ဆိုပြီး ယာယီနိုင်ငံကူး လတ်မှတ်တွေ မဖြစ်မနေ လုပ်ရမယ်လို့ ထုတ်ပြန်ပြီး နောက်ပိုင်းမယ်... ယာယီနိုင်ငံကူးလက်မှတ် လာရောက်မလုပ်တဲ့ အလုပ်သမား ၅ သိန်းခန့်ကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်... ခြိမ်းခြောက်တဲ့ အတိုင်းလဲ ဖမ်းဆီးခံကြရပြီး နယ်စပ်ကို ပြန်ပို့တာ ခံခဲ့ကြရပါတယ်...

နယ်စပ် မြို့ကြီးသုံးမြို့မှာ နိုင်ငံကူလက်မှတ်တွေ လာရောက်လုပ်ကြတဲ့ အလုပ်သမားတွေလဲ ဘန်ကောက်ကိုအပြန်မှာ အစစ်အဆေးတွေ ထူထပ်ခဲ့ပါတယ်... ထိုင်းဘာသာစကားကို မကျွမ်းကျင်သူတွေ အတော်များများ ဖမ်းဆီးစစ်ဆေး ခံခဲ့ရပါတယ်... ငွေကြေးအခက်ခဲနဲ့ အလုပ်ရှင်တွေရဲ့ ခွင့်ပြုချက် မရတာကြောင့် ယာယီနိုင်ငံကူးလက်မှတ် မလုပ်နိုင်သူတွေလဲ အတော်များများ ဒုက္ခရောက်ကြပါတယ်...

၂၀၁၂ နိုဝင်ဘာလမှာ မြန်မာနိုင်ငံက အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းနဲ့ အဖွဲ့က ထိုင်းနိုင်ငံမှ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ အရေးနဲ့ပက်သက်ပြီး ထိုင်းအလုပ်သမား ဝန်ကြီးဌာနနဲ့ ဘန်ကောက်မှာ တွေ့ဆုံခဲ့ပါတယ်...

အဓိက ဆွေးနွေးတာကတော့ ၂၀၁၂ နှစ်အကုန်မှာ သက်တမ်းကုန်ကြမယ့် ထိုင်းဘက်ကနေ ထုတ်ပေးထားတဲ့ အလုပ်သမား လက်မှတ်တွေ သက်တမ်းကုန်မယ့် ကိစ္စနဲ့ ပက်သက်ပြီး ဖြစ်ပါတယ်...

ထိုင်းဘက်ခြမ်း အနေနဲ့လဲ နောက်ထပ်ပြီး အလုပ်သမား လက်မှတ်တွေ ထုတ်ပေးတော့မယ် မဟုတ်တော့ပဲ... မြန်မာဘက်ကနေ နိုင်ငံကူးလက်မှတ်နဲ့ လာရောက်အလုပ်လုပ် ကိုင်ကြမယ့် သူတွေကိုပဲ ခွင့်ပြုတော့မယ်လို့ ထိုင်းဘက်က အဓိကထားပြီး ပြောကြပါတယ်...

ဘန်ကောက် ချင်းမိုင်အပါအဝင် မြို့ကြီး ၅ မြို့မှာ ဖွင့်ထားတဲ့ အလုပ်သမား ရုံးတွေကို ပိတ်ပစ်တော့မယ်လို့ ထိုင်းဘက်က ပြောပါတယ်... ဒါပေမယ့်လံ မြန်မာဘက်က ရွှေ့ပြောင်း အလုပ်သမားတွေအတွက် နိုင်ငံကူလက်မှတ်နဲ့ အလုပ်သွားလုပ်ဖို့က အင်မတန်မှ ခက်ခဲကြပါသေးတယ်...

မြန်မာဘက်ကတော့ ထိုင်းအကျဉ်းထောင် တွေထဲမယ် အဖမ်းခံထားရတဲ့ အကျဉ်းသား ၁ သောင်းလောက်ကို ညှိနှိုင်းစီစစ်ပြီး လွှတ်ပေးနိုင်ဖို့ ဆွေးနွေးခဲ့ပါတယ်...



၂၀၁၂ ခုနှစ်ဟာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား အရေးတွေကို ကိုင်တွယ်ရာမှာ အရေးကြီးတဲ့ နှစ်တစ်ခု ဖြစ်ခဲ့ပါတယ်... မြန်မာအတိုင်အခံခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည့်ဟာ ၂၀၁၂ မေလ ၃၁ မှာ မဟာချိုင်က National Verification Center for Myanmar Migrate Workers သွားရောက်ပြီး ရွှေ့ပြောင်းအလုပ်သမား အရေးနဲ့ပက်သက်ပြီး မိန်းခွန်းပြောခဲ့ပါသေးတယ်...


သူပြောကြားတဲ့ မိန့်ခွန်းအကျဉ်းချုပ်ကတော့ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး ပွဲစားတွေကြောင့် အလုပ်သမား မှတ်ပုံတင်အတွက် ခက်ခဲနေတဲ့သူတွေ... နိုင်ငံကူးလက်မှတ် မပြုလုပ်နိုင်ကြတဲ့ အလုပ်သမားတွေရဲ့ အရေးကို အဓိကထား ပြောသွားတာပါ... ထိုင်းနိုင်ငံက ဒုတိယဝန်ကြီးချုပ်နဲ့ ဒီကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ဘဲ သူကပြောသွားပါတယ်...

၂၀၁၂ ခုနှစ် ထိုင်းနိုင်ငံမယ် Yingluck Shinawatra ဝန်ကြီးချုပ်ဖြစ်ပြီး မြန်မာနိုင်ငံမယ် ထားဝယ်ရေနက်ဆိပ်ကမ်းလို ရင်းနှီးမြုပ်နှံမှုတွေ လာရောက်လုပ်ကိုင်ဖို့ တာဆူနေချိန်မှာ ထိုင်းကမြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို ကိုင်တွယ်မှုဟာ အတော်လေးကို အဆင်ပြေခဲ့တယ်လို့ ဆိုနိုင်ပါတယ်...

၂၀၁၂ ခုနှစ် ဂျူလိုင်လထဲမှာ မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံကို ချစ်ကြည်ရေးခရီး အလည်အပတ် သွားရောက်ခဲ့သလို... ထိုင်းနိုင်င ဒုတိယဝန်ကြီးချုပ်နဲ့အဖွဲ့... ထိုင်းစစ်ဦးစီးချုပ်နှင့်အဖွဲ့ စသဖြင့်လဲ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး လာရောက်လည်ပတ် ခဲ့ကြပါတယ်...

ထားဝယ်ရေနက် ဆိပ်ကမ်းမျက်နှာ... မြန်မာ့ကမ်းလွန် ရေနံနဲ့သဘာဝ ဓါတ်ငွေ့လုပ်ငန်းတွေရဲ့ မျက်နှာတွေနဲ့ ၂၀၁၂ ဟာ မြန်မာထိုင်း ဆက်ဆံရေး သိသိသာသာ တိုးတက်ကောင်မွန်တဲ့ နှစ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်... နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာတာနဲ့အမျှ ထိုင်းငံနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ ဘဝတွေဟာလဲ ပိုမိုချောင်လည် လာဖို့ရှိပါတယ်...


ကိုသာပို
Photo: www.irrawaddy.org

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ