Related Posts Plugin for WordPress, Blogger...



အရှက်ကွဲမှုများ ဆက်တိုက်ဖြစ်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည် နေရာတွင် မဖြူဖြူသင်းကို အစားထိုးရန် ဦးတင်ဦး စဉ်းစားလျှက်ရှိကြောင်း NLD ဗဟိုမှလာသော သတင်းများအရသိရသည်။  ဒေါ်အောင်ဆန်း စုကြည်ကဲ့သို့သော အခြား အမျိုးသမီးခေါင်းဆောင် တစ်ဦး ထပ်မံပေါ်ထွက်လာနိုင်ခြေရှိသည်ဟု အင်န်အယ်လ်ဒီနာယက ဦးတင်ဦးက ဇွန် လ ၂ ရက်တွင် ပြောဆိုသည်။

“လူကြီးတွေက နေရာဖယ်နေပါပြီ။ လူငယ်တွေ ပါဝင်လာနေကြပါပြီ။ အဲဒီဖယ်ပေးရမယ့်ထဲမှာ ဒေါ်အောင်ဆန်းဆုကြည်လည်းပါတယ်။” ဟု ဦးတင်ဦးက ပြောသည်။

အင်န်အယ်လ်ဒီသည် အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ဦးဆောင်နိုင်ရန်လူငယ် အရန်ခေါင်းဆောင်များ မွေး ထုတ်နိုင်ရေး ကြိုးပမ်းနေပြီး နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကျင်းပရန် ပြင်ဆင်နေချိန်တွင် ယင်းသို့ မှတ်ချက်ပြုခြင်းဖြစ်သည်။

လက်ရှိတွင် အင်န်အယ်လ်ဒီကို အသက် ၇၀ နှစ်ခန့် ရှိနေပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်နေခြင်းဖြစ်သည်။

“သူ့ကိုပဲ တစ်ချိန်လုံးမှီခိုနေလို့၊ ၀ိုင်းဝန်းနေလို့ မရဘူးလေ။ သူကလည်း မအိုမနာ မသေမှမဟုတ်တာ” ဟု ဦးတင်ဦးက ပြောသည်။

င်ငံတစ်ဝန်း မြို့နယ်အဆင့်လူငယ် ညီလာခံများ ကျင်းပအပြီး အရန်လူငယ် ခေါင်းဆောင် ၄,၅၀၀ ခန့် ရွေးချယ်ထားပြီး ထက်ဝက်မှာ အမျိုးသမီးများဖြစ်သည်ဟု လူငယ်ညီလာခံကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌက ပြောသည်။

လူငယ်များကို ဦးစားပေးမယ် ဟု ပါးစပ်ကသာပြောနေသော်လည်း အင်န်အယ်လ်ဒီ၏ လက်ရှိဖွဲ့စည်းပုံ၌ နာယကအဖွဲ့၊ ဥက္ကဋ္ဌရာထူးနှင့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များသာမက အသစ်ဖွဲ့သော ကောမတီအားလုံးတွင် လူကြီးများက နေရာဖယ်မပေးပဲယူထားပြီး နေရာရသည့် လူငယ် ယနေ့အထိ မရှိသေးပေ။

 .
. www.MyanmarExpress.net
 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ