Related Posts Plugin for WordPress, Blogger...

ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီး မူတူးစေဖိုး ဦးဆောင်တဲ့ ကိုယ်စား
လှယ် အဖွဲ့ဟာ ဒီကနေ့ နိုင်ငံတော်သမ္မတ
 ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး

နောင်သမ္မတသက်တမ်းမှာ ဆက်လက်တာဝန်ယူဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ကေအဲန်ယူကိုယ်စားလှယ်အဖွဲ့ဟာ မနက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပင်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ ဦးသိန်စိန်နဲ့ သီးခြားစီ တွေ့ဆုံရာမှာ တိုက်တွန်းခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင်တက်ရောက်တဲ့ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီတွေ့ဆုံပွဲမှာ ကေအန်ယူ ဘက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ အပါအ၀င် ၁၀ ဦးခန်းက တက်ရောက်ခဲ့ပါတယ်။ ကေအဲန်ယူ ကိုယ်စားလှယ် အဖွဲ့ဟာ ဇွန်လ ၂ ၃ ရက်နေ့က ကေအဲန်ယူ ဌာနချုပ်ကနေ ရန်ကုန်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဇွန်လနေ့မှာ နေပြည်တော် ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ မနက်ဖြန်မှာလည်း ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

KNU အဖွဲ့ဟာ ၂၀၁၂ ခုနှစ်မှာ အပစ်အခတ်ရပ်စဲပြီး နှစ်ဘက်တပ်တွေအကြား တိုက်ပွဲကြိုးကြား ဖြစ်ပွားခဲ့ပေမဲ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ နောက်ပိုင်းမှာတော့ တိုက်ခိုက်တာတွေ လုံးဝ ရပ်ဆိုင်းခဲ့ပါတယ်။

ပဒိုမန်းငြိမ်းမောင်ကို ဒီဗွီဘီသတင်းထောက် နော်နိုရင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

DVB (မြန်မာပိုင်း)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ