Related Posts Plugin for WordPress, Blogger...

အီရတ်နိုင်ငံမြောက်ပိုင်းမှာ ဒီသီတင်းပတ်
အတွင်း ရှေ့ဆက်ထိုးစစ်ဆင်နေတဲ့ အစ္စ
လာမ်မစ် စစ်သွေးကြွတွေကို ရင်ဆိုင် တိုက်
ခိုက်ဖို့အတွက် ရာပေါင်းများစွာသော


အီရတ်လူငယ်တွေဟာ ဘဂ္ဂဒက်မြို့တော်နဲ့ တခြားနေရာတွေမှာဖွင့်ထားတဲ့ စခန်းတွေ မှာ ဒီကနေ့ ကိုယ့်သဘောနဲ့ကိုယ် စာရင်းပေးသွင်းနေကြပါတယ်။

အီရတ်နိုင်ငံရဲ့ အထူးအလေးစားခံရတဲ့ ရှီးယားဘာသာရေးခေါင်းဆောင်ကြီး Ayatolla Ali al-Sistani က နှိုးဆော်လိုက်ပြီးတဲ့ နောက် လူငယ်တွေ အခုလို စာရင်းပေးသွင်းလာကြတာပါ။

ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနဲ့ ဘာသာရေးအထွတ်အမြတ်နေရာတွေကို ကာကွယ်ဖို့အတွက် အကြမ်းဖက်သမားတွေကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ al-Sistani ရဲ့ ပြောရေးဆိုခွင့်ရှိသူက ကာဘာလာမြို့ဗလီတခုမှာ သောကြာနေ့က တိုက်တွန်းခဲ့တာပါ။

စစ်သွေးကြွတွေကို တိုက်ခိုက်တဲ့နေရာမှာ စစ်သားတွေကို အကူအညီပေးဖို့ လုပ်အားပေးတွေ ရောက်လာနေပြီလို့ Samarra မြို့ မှာ စစ်တပ်အရာရှိတွေကို ၀န်ကြီးချုပ် နူရီ အယ်လ်-မာလီကီက ပြောခဲ့ပါတယ်။

မြောက်ပိုင်းက မိုဆူးလ်မြို့မှာ ကိုယ်တာဝန်ကျတဲ့နေရာကို စွန့်ခွာပြီး ၀တ်စုံတွေကို လမ်းတွေပေါ်မှာ ချွတ်ထားခဲ့ကြတဲ့ တပ်ဖွဲ့တွေ အနေနဲ့ ကိုယ့်စခန်းဆီ ပြန်ရင်ပြန်၊ မပြန်ရင် သေဒဏ်အပါအ၀င် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်တယ်လို့လည်း မစ္စတာ မာလီကီကပြောခဲ့ပါတယ်။

VOA (မြန်မာပိုင်း)

Posted by Arakan News on 6/15/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ