Related Posts Plugin for WordPress, Blogger...

သမ္မတဦးသိန်းစိန် နှုတ်ထွက်ပေးရေးနှင့်
သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်
 ရရှိရေးတို့အတွက် စစ်ကိုင်းတိုင်းအတွင်းရှိ

တောင်သူ လယ်သမားများက ဆန္ဒပြရန် စီစဉ်နေသည်ဟု တောင်သူလယ်သမား အကျိုးဆောင် ဦးစိန်လှက ပြောသည်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ ဇွန်လ ၁၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်းမှ ထီးချိုင့်၊ ကသာနှင့် သပိတ်ကျင်းမြို့နယ်များအတွင်းရှိ ကျေးရွာပေါင်း ၂၁ ရွာမှ တောင်သူလယ်သမားများပိုင် လယ်ယာမြေ ဧက ၄၀၀,၀၀၀ ကို ဂရိတ်ဝေါလ် ကုမ္ပဏီမှ ၂၀၀၉ခုနှစ်က သိမ်းဆည်းခဲ့ပြီး၊ အဆိုပါတောင်သူ လယ်သမားများမှာ ထိုအချိန်မှ စတင်ကာ နေစားလုပ်သားများအဖြစ် လုပ်ကိုင်နေရသည်ဟု ဦးစိန်လှက ဆိုသည်။

သို့သော် သမ္မတဦးသိန်းစိန်က လယ်ယာမြေများ သိမ်းဆည်းခဲ့ထားသည့် ဂရိတ်ဝေါလ်ကုမ္ပဏီပိုင်ရှင် ဦးတင်မောင် (ခ) ဦးလီစန်းရှင်ကို ၂၀၁၃ ခုနှစ် ဧပြီလတွင် "စိုက်ပျိုးထုတ်လုပ် ထူးချွန်ဆု" ပေးအပ်ခဲ့ကြောင်း၊
ယင်းမှာ "လူမိုက်အားပေးလုပ်ခြင်း" ဖြစ်သည်ဟု ဆိုကာ ယခုကဲ့သို့ "သမ္မတ နှုတ်ထွက်ပေး"ရေး ဆန္ဒပြရန် စီစဉ်ခြင်း ဖြစ်သည်ဟု ဦးစိန်လှက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဦးလီစန်းရှင်မှာ လယ်ယာမြေပေါ်ရှိ တောင်သူလယ်သမားတို့၏ နေအိမ်များကို မီးရှို့ခြင်း၊ လုပ်ကြံဖမ်းဆီး ထောင်ချခြင်းများ ပြုလုပ်ခဲ့သူတစ်ဦး ဖြစ်သည်ဟုလည်း လယ်သမားများက ဆိုသည်။

လယ်ယာမြေသိမ်းဆည်းခံထားရသူတစ်ဦးဖြစ်သည့် ဒေါ်ခင်မုန်းက "လယ်မြေသိမ်းတော့ အာဏာပိုင်တွေက ဖယ်ပေးဖို့ ပြောတယ်။ နောက်ဆုံး အိမ်ကိုမီးရှို့တော့ မဖြစ်မနေဆိုတော့ နေလို့ကို မရတော့ဘူး။
လယ်ထဲက ထွက်ပေးရတယ်" ဟု မဇ္ဈိမသို့ ဇွန်လ ၁၄ ရက်က ပြောခဲ့သည်။

လည်မြေသိမ်းဆည်းခံထားရသူ တောင်သူလယ်သမားများမှာမူ သိမ်းဆည်းခံခဲ့ရသည့် အချိန်မှ စတင်၍ ကြံနှင့် ကျွန်းပင်များ စိုက်ခြင်း၊ ပေါင်းသင်ခြင်း လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

"စသိမ်းခံထားရတုန်းကတော့ နေ့စားနဲ့ တစ်နေ့ကို ၁၅၀၀ လောက်ရတယ်။ ၂၀၁၄ ရောက်တော့ ၂၅၀၀ ပေးတယ်။ အဆင်မပြေဘူး။" ဟု မခင်မုန်းက ပြောသည်။

သိမ်းဆည်းခံ လယ်ယာမြေများအတွက် သီးနှံလျော်ကြေးအဖြစ် ကုမ္ပဏီမှ တစ်ဧကလျင် ကျပ်ငွေ ငါးသောင်းနှုန်းဖြင့် ဧကပေါင်း ၇၃၈ ဧကအတွက် ၂၀၀၉ ခုနှစ် သြဂုတ်လအတွင်း ပေးအပ်ခဲ့သည်ဟု သပိတ်ကျင်းမြို့နယ်မှ လည်သိမ်းဆည်းခံထားရသူ ဦးမြင့်လှိုင်က မဇ္ဈိမသို့ ဇွန်လ ၁၄ ရက်က ပြောသည်။

ဆန္ဒပြပွဲအား ရန်ကုန်မြို့ကျောက်တံတားမြို့နယ်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး၊ ဆန္ဒပြရန်အတွက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရဲစခန်းသို့ လျှောက်ထားခြင်းကို ဇွန်လ ၁၅ ရက်တွင် ပြုလုပ်သွားမည်ဟု တောင်သူလယ်သမားတစ်ဦးဖြစ်သူ ဦးမြင့်လှိုင်က ဆိုသည်။

Mizzima News

Posted by Arakan News on 6/15/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ