Related Posts Plugin for WordPress, Blogger...

 စော်ဘွားကြီးကုန်းရှိ မွေးမြူရေး၊ ရေလုပ်
ငန်းနှင့် ကျေး လက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာ
န ပိုင်မြေနေရာကို နှစ်ရှည်ငှားရမ်းကာ
 စီးပွားရေးလုပ်ကိုင်နေသော လူနေအိမ်၊


ကုမ္ပဏီနှင့် စားသောက်ဆိုင်ကြီးများ    အပါအ၀င်အ ဆောက်အအုံ ၈၀ ခန့်ကို ယင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့တို့က အင်အားသုံးဖယ် ရှားခဲ့သည်။

ဇွန်လ ၁၄ ရက် နံနက် ၆ နာရီတွင် မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန် ကြီးဌာနက ခေါ်ယူထားသော တာဝန်လက်ပတ်ဖြင့်သူများနှင့် ရဲ  တပ်ဖွဲ့အင်အား ၅၀၀ ခန့် သည် လူနေအိမ်အဆောက်အအုံများ နှင့် စားသောက်ဆိုင်ကြီးများကို ၀င်ရောက်ဖယ်ရှားရာ နစ်နာဆုံး ရှုံးမှုများစွာ  ရှိခဲ့ကြောင်း ဖယ်ရှား ခံရသူများက ပြောသည်။

အင်းစိန်မြို့နယ် စော်ဘွား ကြီးကုန်းရှိ မွေးမြူရေး၊ ရေလုပ် ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာနပိုင် မြေဧက ၁၂၀ ၀န်းကျင်    မြေနေရာများ ကို ယင်းဝန်ကြီးဌာနက ၁၉၉၅ ခုနှစ်မှစ၍ စီးပွားရေးလုပ်ငန်းရှင် များအား မြေနေရာငှားရမ်းခဲ့ သည်။ လက်ရှိအချိန်တွင် မြေနေ ရာပေါ်မူတည်၍ တစ်ဧကလျှင် တစ်လ ကျပ်ကိုးသိန်းထိ ငှားရမ်း လုပ်ကိုင်ရကြောင်း ထိုမြေနေရာ တွင် စီးပွားရေးလုပ်ကိုင်နေသူများ က ပြောသည်။

ထိုမြေနေရာတွင် ငှားရမ်း လုပ်ကိုင်သူ အများစုသည် အ ဆောက်အအုံများ ဆောက်လုပ် ပြီး ကုမ္ပဏီများ၊ စားသောက်ဆိုင် ကြီးများနှင့် မွေးမြူရေးလုပ်ငန်း များ လုပ်ကိုင်ကြသည်။ ထိုသို့ ငှားရမ်းနေသူများကို မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ၂၀၁၂ ခုနှစ် နိုဝင်ဘာမှစပြီး ဖယ်ရှား ပေးရန် အကြောင်းကြားစာများ ပေးပို့ခဲ့သည်။ ဖယ်ရှားပေးရန် အကြောင်းကြားစာ အနည်းဆုံးရှစ် ကြိမ်ထက်မနည်း ပေးပို့သော် လည်း  ဖယ်ရှားခြင်းမရှိ၍  အင်အားသုံးကာ ဖယ်ရှားခဲ့ခြင်းဖြစ် ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်း နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

‘‘ဖျက်ပေးပါ့မယ်။  ကိုယ့် ဟာကိုယ်လုပ်မယ်လို့ပြောတာ မရဘူး။ သူတို့က အတင်းဝင်ဖျက် တယ်။ ဒီမြေနေရာမှာ သူတို့က ငှားမယ်ဆိုလို့ ငှားနေတာပါ။ သူ တို့က ဖယ်ခိုင်းတော့ အတင်းဖယ်ခိုင်းတယ်။ ဒီမှာဆောက်ထားတာ က တန်ဖိုးက မနည်းဘူး’’ ဟု အဆိုပါ မြေနေရာတွင် ၂၀၀၂ ခုနှစ်မှစ၍ မြေငှားရမ်းကာ    Mermaid ဘီယာစားသောက်ဆိုင်နှင့် လက် ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီး က ပြောသည်။

‘‘၀န်ကြီးဌာန အမိန့်နဲ့ လုပ် တာပါ။ သူတို့ကို ဒီနေရာကနေ ဖယ်ပေးဖို့ အကြိမ်ကြိမ်စာပို့ပေး ပြီးသားပါ။ သူတို့က ဖယ်မပေး တာပါ။ အဲဒါကြောင့် ၀င်ရောက် ဖယ်ရှားရတာပါ’’ ဟု မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ညွှန်ကြားရေး မှူးဒေါက်တာမြင့်ဆွေက ပြော သည်။

လာရောက်ဖယ်ရှားသော အာဏာပိုင်များသည် နံနက် ၄ နာရီဝန်းကျင်ကတည်းက လာရောက်၍ နံနက် ၆ နာရီအချိန်တွင် အပြီးဖယ်ရှားပေးရန် ပြောဆိုခဲ့ ကြောင်း ထိုမြေနေရာတွင် ယာဉ် ရပ်နားစက်ပြင်ကားဝင်းတည် ဆောက်လုပ်ကိုင်နေသော မီနာမီ ကုမ္ပဏီမှ ကိုနေဇော်မြတ်က ပြော သည်။

7Day News daily

Posted by Arakan News on 6/15/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ