Related Posts Plugin for WordPress, Blogger...



★အမေပေးတဲ့အသက်နဲ့
အဖေပေးတဲ့သွေးစက်တွေဟာ
ငါ့အတွက်အလကားမှမဟုတ်တာ

အမျိုးဆိုတာ ခိုကိုးဖို့ဆိုပေမဲ့
လူမျိုးဆိုတာ ရှုပ်ထွေးလွန်းတော့
အမိမြေကြီးအေးချမ်းဖို့
သွေးတန်းတွေ ခင်းရင်ခင်းရလိမ့်မယ်

ဖြောက်ခနဲ့ ခြေသံကြားရင်
ဆတ်ခနဲ့သတိထားပြီး
ရန်သူကိုရှာဖွေရတာ
နေ့မနားညမနားနဲ့
တစ်ခါတစ်ခါဖျားခဲ့ရင်တောင်
အနားမယ်ဖေးကူသူရှားတဲ့ အချိန်ခဏ

ရရှိတဲ့ရေတစ်စက်ကို
လောက်ရှိတဲ့ ရေညစ်ရယ်လား
တွေဝေစဉ်းစားဖို့အချိန်တောင်မရနိုင်ပဲ
လှိုက်လှိုက်လှဲလှဲသောက်ရတဲ့ဒီဘဝ

အခြေအနေကမလှရင်
ကျောတစ်ချမြေကွပ်ကလေးနဲ့
အချင်းချင်း ခြင်ယပ်ပေးရင်
မြန်မာပြည်အတွက်တွေးပူရတယ်
ငှက်ပျောအူတောင်မျိုမကျတဲ့ဘဝရယ်ပါ

အမိမြေအတွက်မို့
ရှိနေတဲ့အသက်ကိုစတေးပြီး မြန်မာလို့ဟစ်ကြွေးချင်တော့
ချစ်စဖွယ်ခင်ကျော့ဇနီးနဲ့
အပြစ်ကင်းတဲ့လူမမယ်ကလေးငယ်ကို
ထွေးလို့ရယ်ပွေးနမ်းရင်း
အကြင်နာလက်လှမ်းပြခဲ့မယ်
ခွင့်လွှတ်တော့မေရယ်………★

မောင်းတောသို့ စစ်ချီတက်ရန်ဟန်ပြင်နေသော
စစ်သည်တော်များရဲ့ မြင်ကွင်း

သူကြီးသမီး ဇီးသီး —

Posted by Unknown on 6/02/2014
categories: | edit post

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ