Related Posts Plugin for WordPress, Blogger...



RSO ဆိုတဲ့အကြမ်းဖက်အဖွဲ.ကို ၁၉၇၀ ခုနှစ်မှာ ဘင်္ဂလားဒေ့(ရှ်)နိုင်ငံထဲမှာ စပြီးဖွဲ.စည်းခဲ့တာပါ။ RSO ဆိုတာကတော့ Rohinngya Solidarity Organization ရဲ့အတိုကောက်ပါ။
မြန်မာလိုကတော့"ရိုဟင်ဂျာစည်းလုံးညီညွှတ်ရေးအဖွဲ.အစည်း"လို.အဓိပါယ်ရပါတယ်။သူတို.ရဲ့ရည်ရွယ်ချက်
က ရခိုင်ပြည်နယ်ကိုသိမ်းပိုက်ပြီး"အာရကန်နစ္စတန်ပြည်နယ်" ဆိုပြီး အစ္စလာမ်မစ်နိုင်ငံတစ်ခု
တည်ထောင်ဖို.ပါ။


ဒီအကြမ်းဖက်အဖွဲ.အစည်းကို ဘင်္ဂလားဒေ့(ရှ်)အစိုးရအပြင် ဆော်ဒီအာရေဗျ၊ကူဝိတ်၊ပါကစ္စတန်နဲ.
အာရပ်စော်ဘွားများနိုင်ငံတွေက ထောက်ပံ့ပေးထားပါတယ်။ တစ်နှစ်တစ်နှစ်ကိုထောက်ပံ့ငွေစုစုပေါင်း
ဒေါ်လာသန်း(၅၀)လောက်ရတယ်လို. ဆိုပါတယ်။ သူတို.ဆီက တစ်ချို.လက်နက်တွေက လစ်ဗျားကလက်နက်တွေတောင်ပါတယ်လို. သိရပါတယ်။ တစ်ချို.လက်နက်တွေကိုထိုင်းဘက်ကနေ
သွင်းပါတယ်။ ဟိုနေ.က ရလိုက်တဲ့ M-22 သေနတ်ဆိုတာလည်း ထိုင်းဘက်ကရတာဖြစ်ဖို. များပါတယ်။

ဘင်္ဂလားဒေ့(ရှ်)က ဘာသာရေးအကြောင်းပြချက်နဲ. RSO အဖွဲ.ကို သူ.နိုင်ငံထဲမှာ လက်ခံထားပါတယ်။ဘာသာရေးအပြင် နောက်ထပ်ရည်ရွယ်ချက်တစ်ခုကတော့ နိုင်ငံတော်တော်များများမှာ ကျင့်သုံးလေ့ရှိတဲ့Buffer Zoneဆိုတဲ့ သဘောတရားပါ။ Buffer Zone ဆိုတာကတော့ နိုင်ငံနှစ်နိုင်ငံကြားမှာ
ကြားခံထားတဲ့မြေနေရာတစ်ခုဖြစ်ပြီး အဲသည်မြေပေါ်မှာ ကိုယ့်လူတွေမွေးထားခြင်းဖြင့်
စစ်ဖြစ်မယ်ဆိုရင်တောင် ကိုယ့်နယ်နိမိတ်ထဲမရောက်ခင် Buffer zone ထဲမှာ ကိုယ်မွေးထားတဲ့သူပုန်တွေနဲ.တစ်ဘက်ကစစ်သားတွေကို အရင်ဆုံးရင်ဆိုင်စေတဲ့နည်းပါ။ အရင်တုန်းကတော့ ထိုင်းနိုင်ငံက KNU ကို သူတို.ရဲ့ Buffer zone အဖြစ် အသုံးချခဲ့ပါတယ်။ ခုလည်း ဘဂ်လားဒေ့(ရှ်)က RSO တွေကို သူတို.ရဲ့ Buffer Zoneထဲက သားကောင်တွေအဖြစ် အဖြစ်အသုံးချနေတဲ့သဘောပါ။

"ဘ"တွေကတော့ သူ.နိုင်ငံထဲမှာ RSO မရှိဘူးဆိုပြီး ငြင်းတယ်။ သူကလည်း ပါကစ္စတန်ကို
အားကျလို.ထင်ပါရဲ့။ ပါကစ္စတန်တုန်းကလည်း"သူ.နိုင်ငံထဲမှာအကြမ်းဖက်သမားတွေ
အတွက်နေရာမရှိဘူး။ အကြမ်းဖက်သမားတွေကိုလည်းလက်မခံဘူး" ဆိုပြီးကြော်ငြာထားပါတယ်။ ဒါပေမယ့် ကမ္ဘာ့အကြမ်းဖက်ခေါင်းဆောင်ကြီး ဘင်လာဒင်လိုလူကိုတောင် စစ်တပ်တွေဝန်းရံထားတဲ့ သူ.နိုင်ငံထဲက မြို.တစ်မြို.ထဲမှာ လုံလုံခြုံခြုံဖွက်ထားပေးတာ အားလုံးအသိပါ။ ပြီးတော့ ပါကစ္စတန်နိုင်ငံထဲမှာ
အကြမ်းဖက်စခန်းပေါင်း(၆၃)ခုတောင်ရှိပါတယ်။

ခုလည်း ဘင်္ဂလားဒေ့(ရှ်)က သူ.နိုင်ငံမှာ RSO တွေမရှိပါဘူးဆိုပြီး ဒဲ့ငြင်းပြန်တယ်။ အဲတော့ ဘင်္ဂလားဒေ့(ရှ်)ရဲ့ပြောပုံက ဘာနဲ.သွားတူနေလည်းဆိုတော့ "ပါကစ္စတန်တို. နျူးကလီးယား ခိုးလုပ်နေတုန်းက အမေရိကန်ကသိရဲ့သားနဲ. ဘာလို.အရေးမယူတာလည်း"ဆိုပြီး အမေးခံရတာနဲ.သွားတူနေပါတယ်။ အဲမေးခွန်းကိုနာမည်ကြီးနိုင်ငံရေးသမားတစ်ဦးက လှောင်ပြောင်ပြီး ခုလိုပြန်ဖြေပါတယ်။ "ဟုတ်ပါတယ်။ အမေရိကန်တို.အဲတာကို မသိပါဘူး။ ဘာဖြစ်လို.လည်းဆိုတော့ ပါကစ္စတန်တို.ကသူတို.နျူးကလီးယားလုပ်နေပါတယ်ဆိုပြီး သူတို.နဖူးမှာ စာကပ်မထားလို.ပါ" တဲ့။ ခုလည်း RSO တွေက သူတို.နဖူးမှာ "ကျွန်တော်တို. RSO တွေပါ"ဆိုပြီး စာကပ်မထားတော့ ဘင်္ဂလားဒေ့(ရှ်)ကလည်း ငြင်းတာပေါ့။ သူတို.က"မရှိဘူး"ပြောမှတော့ ဒီဘက်ကလည်း "မသိဘူး" ဆိုပြီးတွယ်ချလိုက်တာ အရှင်မြတ်ဆီ စောစောစီးစီးရောက်ကုန်ပါရော။

ထိုက်သူ

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ