Related Posts Plugin for WordPress, Blogger...


ဒတ်ပလင် ၊ ၂၄-၆-၂၀၁၄

ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများ သည် ထိုင်းနိုင်ငံ၌ စစ်ဘက် အာဏာသိမ်းမှု နှင့် ပတ်သက်၍ ဇွန်လ ၂၃ ရက်တွင် ပြစ်တင် ရှုတ်ချခဲ့ပြီး ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို အမြန်ပြန်လည် ကျင့်သုံးနိုင်ရေး အတွက် အရေးယူ အပြစ်ပေးရေး အစီအစဉ်များ ဆောင်ရွက်ရန် သဘောတူညီ ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ် အရ သိရသည်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများသည် ထိုင်းနိုင်ငံသို့ တရားဝင် အလည်အပတ် သွားရောက်မှုများ အားလုံးကို ရပ်ဆိုင်းခဲ့ပြီး ထိုင်းနိုင်ငံနှင့် မိတ်ဖက် ပူးပေါင်း ဆောင်ရွက်မှု သဘော တူညီချက် လက်မှတ် ရေးထိုးရေး ကိုလည်း ဆိုင်းငံ့ခဲ့ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။

ထိုင်းစစ်ဘက် အနေဖြင့် ဒီမိုကရေစီ လုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် ကျင့်သုံးရေး၊ အများက ယုံကြည် လက်ခံနိုင်သော ရွေးကောက်ပွဲ ပြန်လည် ကျင်းပရေး တို့ကို အလျင်အမြန် ဆောင်ရွက် သင့်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား များကို ပြန်လွှတ်ပေး သင့်ပြီး လူ့အခွင့်အရေး နှင့် လွတ်လပ်ခွင့် ကို လေးစား လိုက်နာ သင့်ကြောင်းနှင့် ဥရောပသမဂ္ဂ အနေဖြင့် ထိုင်းစစ်ဘက် နှင့် ဆက်ဆံရေး ကိုလည်း ပြန်လည် သုံးသပ် သွားမည် ဖြစ်ကြောင်း အဆိုပါ နိုင်ငံခြားရေး ဝန်ကြီးများက ထုတ်ပြန် ကြေညာ ခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် အသက်သွင်းမှု နှင့် ရွေးကောက်ပွဲများကို ဆောလျင်စွာ ပြန်လည် ကျင်းပ ပြုလုပ်ပေးမှုက သာလျှင် ဆက်ဆံရေးကို ပုံမှန် ပြန်လည် ဖြစ်စေမည် ဖြစ်ကြောင်းလည်း ၄င်းတို့က ထုတ်ပြန် ကြေညာ ခဲ့သည်ဟု သိရှိရသည်။

#PyiChitThar

Posted by Arakan News on 6/24/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ