Related Posts Plugin for WordPress, Blogger...

တရုတ်-မြန်မာနယ်စပ်မှ တရားမ၀င် ၀င်ရောက် လာသော လက်ဖက်များကြောင့် ဒေသခံများမှ ဈေးကွက် ဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း   မြန်မာနိုင်ငံ လက်ဖက်အစု အဖွဲ့ ဥက္ကဋ္ဌဦးထွန်းမြိုင်က The Messenger သတင်းစာသို့ ပြောသည်။ မြန်မာပြည်ကိုသာ ၀င်နေတာ။ ခိုးပြီး ၀င်လာတာ ဆိုတော့ နိုင်ငံတော်ဆီ ကိုလည်း အခွန်တစ်ပြား တစ်ချပ်မှ ၀င်တာမဟုတ်ဘူး။ တကယ့် မြန်မာပြည်သား ပလောင်ဒေသက ဒေသခံတွေရဲ့ဈေးကွက် ကိုလည်း ထိခိုက်မှု ရှိလာတယ် ဟု ၎င်း က ပြောသည်။ ယင်းသို့ တရုတ်နိုင်ငံမှ တရားမ၀င် လက်ဖက်များ ၀င်ရောက်လာမှုမှာ မူဆယ်မြို့နှင့် ချင်းရွှေ ဟော်ဘက်မှ အဓိက ၀င်ရောက်နေပြီး၊ သက်ဆိုင်ရာ အစိုးရပိုင်းမှ တာဝန်ရှိသူများ စိစစ်ကြပ်မတ် ပေးရန် လိုအပ်နေကြောင်း ဦးထွန်းမြိုင် ကပြောသည်။

                 ယခင်က လက်ဖက် ရောင်းချရသော ၀င်ငွေနှင့် ကုန်ဈေးနှုန်းမှာ ကွာဟမှု မရှိသည့် အတွက် တောင်သူများအနေဖြင့် စားနိုင် သောက်နိုင် သော အခြေအနေတွင် ရှိခဲ့သည်။ ယခုနောက်ပိုင်းတွင် တရုတ် နိုင်ငံမှ ၀င်ရောက်လာ သောကြောင့် ပြည်တွင်း လက်ဖက်ဈေးကွက်မှာ အားနည်းလာ သည့်အတွက် ဈေးနှုန်း လျှော့ချ၍ မဖြစ်မနေ ရောင်းချရသည့် အခြေအနေများ ရှိလာကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ဒေသမှ ဒေသခံမ   ဒီဒီပုပ်ကျင်း က The Messenger သတင်းစာသို့ ပြောသည်။ အထူးသဖြင့် အချိုခြောက်က လုံးဝကို ဈေးမရှိတော့ တစ်ပိုင်တစ်နိုင် လုပ်နေတဲ့ အချို့ စက်ရုံတွေ ဆိုရင် ပိတ်လိုက် ရတာတွေတောင် ရှိတယ် ဟု ၎င်း က ပြောသည်။

                လက်ဖက်တောင်သူ အများစုသည် လက်ဖက်ဈေး မရှိတော့သည့် အတွက် လက်ဖက် မခူးတော့ဘဲ တရုတ်၊ ထိုင်း၊ မလေးရှား စသည့် နိုင်ငံ များတွင် သွားရောက် လုပ်ကိုင်မှု များပြားလာကာ ယခုနှစ် လက်ဖက်ခူးသည့် ရာသီတွင် တောင်သူများ ရှားပါးလာသည့်အတွက် လက်ဖက်ကိုင်းများ ရင့်သွားခြင်းကြောင့် ခုတ်ပစ်ခဲ့သည်များပင်ရှိ ခဲ့ကြောင်း မဒီဒီပုပ်ကျင်း က ပြောသည်။

                ၂၀၁၃ ခုနှစ်မှ စ၍ လက်ဖက် အချိုခြောက် ဈေးကွက်မှာ တရုတ်လက်ဖက်များ ၀င်ရောက်လာခဲ့ကာ ဈေးကွက် ကျဆင်းလာပြီး၊ ယခင်က နမ်ဆန်မြို့နယ် အတွင်း လက်ဖက်ခြောက် စက်ရုံ တစ်ရာကျော်ရှိခဲ့ သော်လည်း  ယခုလက်ရှိတွင် (၁၆) ရုံခန့်သာ လည်ပတ်နိုင် တော့ကြောင်း ပလောင် လက်ဖက် စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ အသင်းမှ သိရသည်။

မြတ်မင်းခန့်
Messenger News Journal

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ