Related Posts Plugin for WordPress, Blogger...

From : .. the voice


အာဖဂန်ပြတိုက်တွင် ပြသထားသည့် သပိတ်ကြီး တစ်လုံးသည် ဗုဒ္ဓသပိတ်တော်ဟု အများက ထင်မြင်နေကြသလို မဟုတ်ကြောင်း၊ ဗုဒ္ဓနှင့်မည်သို့မျှ ဆက်စပ်ခြင်း မရှိသည့် ခွက်ကြီးတစ်လုံး ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ရှေးဟောင်း သုတေသနအဖွဲ့ (ASI) က ပြောကြားချက်ကို Zee News တွင်ဖော်ပြထားသည်။

ယင်းခွက်ကြီးပေါ်တွင် အာရဗီ ဘာသာစကားများဖြင့် ရေးထိုးထားပြီး ဗုဒ္ဓနှင့် ဆက်စပ်မှု တစ်စုံတစ်ရာ မရှိကြောင်း ယင်းသတင်းက ဆိုသည်။

ASI အဖွဲ့၏ အစီရင်ခံစာ၌ ယင်းခွက်ကြီးပေါ်တွင် ရေးထိုးထားသော အာရဗီ ဘာသာစကားများသည် ဗုဒ္ဓပေါ်ထွန်းသည့် ခေတ်တွင် မရှိသေးသည့် စာပေအရေးအသားများ ဖြစ်ကြောင်း၊ ဗုဒ္ဓခေတ်တွင် ရေးသားသည့် စာပေများသည် ပါဠိစာပေ အရေးအသားများသာ ဖြစ်ပြီး Brahmi သင်္ကေတများကိုသာ သုံးစွဲ ရေးသားလေ့ ရှိကြောင်း ဖော်ပြထားသည်။

အလေးချိန် ကီလိုဂရမ် ၄၀၀ ခန့် ရှိသည့် ယင်းခွက်ကြီးသည် ပါရှင်းဘာသာကို အာရဗီ သင်္ကေတများဖြင့် ရေးထိုးထားခြင်း ဖြစ်ကြောင်း၊ အာရဗီ အရေးအသားများသည် အေဒီ ၅ ရာစုခန့်တွင် ပေါ်ထွန်းခဲ့ပြီး ဗုဒ္ဓစာပေသည် ဘီစီ ၂ ရာစုနှင့် ၃ ရာစုကတည်းက ပေါ်ထွန်းခဲ့ကြောင်း၊ ဗုဒ္ဓနှင့် သက်ဆိုင်သည် ဆိုလျှင်လည်း ပါဠိဘာသာဖြင့်သာ ရေးထိုးရန် ရှိပြီး အာရဗီကဲ့သို့ ရေးထိုးရန် အကြောင်းမရှိကြောင်း သုတေသီများက ပြောကြားခဲ့သည်။

 .. www.MyanmarExpress.net

Posted by Unknown on 6/12/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ