Related Posts Plugin for WordPress, Blogger...

ကုလားအိမ်ခြေများနှင့် နီးကပ်စွာတည်ရှိနေသည့် စစ်တွေမြို့ ရပ်ကွက်ကျေးရွာများတွင် ကုလားများက ကျူးလွန်သည့် ခိုးမှု လုယက်မှုများ အဆက်မပြတ်ဖြစ်ပွားလျက်ရှိရာ၊ ယမန်နေ့ညဥ့်အချိန်တွင် မင်းဂံရပ်ကွက် အကွက် (၁၀) မှ နွားမတစ်ကောင်ကို ခိုးယူမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ယမန်နေ့က စစ်နေမြို့ မင်းဂံရပ်ကွက် အကွက် (၁၀) အတွင်း ပိုင်ရှင်မဲ့နွားတစ်ကောင် ရောက်နေသည် ကိုတွေ့ရသဖြင့် အနီးအနားရှိ ဘုမေ ကုလားရွာမှ ကုလားပိုင်နွားဖြစ်နိုင်သည်ဟု ယူဆရသည့်အတွက် ပိုင်ရှင်လာယူနိုင်ရန် ကုလား နှင့် ရခိုင် အိမ်ခြေများအကြားနေရာတွင် ကြိုးချည်ပြီး ထားပေးခဲ့ရာ၊ ညဥ့်အချိန်တွင် ကုလားများက ထိုနွားကိုလာယူသွားခဲ့သည်သာမက အနီးရှိ ရခိုင်အိမ်တစ်အိမ်မှ ဇီးရှိနေသော နွားမတစ်ကောင်ကိုပါ ဆွဲယူသွားခဲ့ကြောင်းသိရသည်။
ယမန်နေ့နေ့လည်ပိုင်းက စစ်တွေမြို့ ဇောပူဂျာကျေးရွာမှ ရခိုင်အမျိုးသမီးတစ်ဦး ဆိုင်ကယ်ဖြင့် ဖြတ်သွားသည်ကို ကုလားများက တားဆီးပြီး ဆိုင်ကယ်ကို လုယူထားလိုက်ရာ၊ စစ်တွေမြို့မ အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည်။
တိုင်းရင်းသားများနေထိုင်သည့် စစ်တွေမြို့ အောင်မင်္ဂလာကျေးရွာမှ နေအိမ်ဝင်းများထဲသို့ ညဥ့်အချိန်တွင် ကုလားများ ၀င်ရောက်ကာ ဆိုင်ကယ်များ မကြာခဏ၀င်ရောက်ခိုးယူမှုများ ပြီးခဲ့သည့်လများအတွင်း ဖြစ်ပွားနေရာ ဒေသခံ စစ်တပ် နှင့် ရဲတပ်ဖွဲ့များကို တိုင်ကြားမှုများပြုလုပ်သော်လည်း မည်သည့် အရေးယူဆောင်ရွက်မှုများကိုမှ မပြုလုပ်ကြကြောင်း အောင်မင်္ဂလာကျေးရွာသား တစ်ဦးက Coral Arakan News အား ပြောကြားသည်။
“ကျွန်တော့်အိမ်ဝင်းထဲကို ကုလားတွေ ၀င်တာကို ညပိုင်း လရောင်အောက်မှာ ကျွန်တော် အသေအချာမြင်တယ်။ ကျွန်တော့ ဆိုင်ကယ်ကို တွန်းနေတာကို ကျွန်တော့် မျက်စိနဲ့မြင်တယ်။ သူခိုး သူခိုး လို့ အော်တော့မှ ဒီကောင်တွေ ထွက်ပြေးသွားတာ။ သေချာတယ်။ ကုလားတွေပဲ” ဟု ထို အောင်မင်္ဂလာရွာသားက ဆိုသည်။
လုံခြုံရေးကို တာဝန်ရှိသူများက တာဝန်ယူလုပ်ဆောင်ပေးခြင်းမရှိသဖြင့် ရွာမှ ရွှေ့ပြောင်းထွက်ခွာသူများ များပြားလာကြောင်း ၄င်းက ပြောကြားသည်။
ထို့အပြင် ပြီးခဲ့သော သုံးရက်ခန့်ကလည်း မင်းဂံရပ်ကွက် ABC ကလေးဂေဟာမှ ဆိုယ်ကယ်တစ်စီး ပျောက်ဆုံးသွားခဲ့ရာ ဆိုင်ကယ်ဘီးရာ နှင့် ဘေးမှ တွန်းယူသွားသည့် လူခြေရာတို့မှာ အနီးရှိ ဘုမေ (ကုလား) ရွာ ဘက်သို့ ဦးတည်သွားသည်ကိုသာ စစ်ဆေးတွေ့ရှိရပြီး ဆိုင်ကယ်ကို ပြန်လည် ရရှိခြင်းမရှိခဲ့ပေ။
ထို့အပြင် ပြီးခဲ့သည့်လအတွင်းက မင်းဂံရပ်ကွက်၏ ဘုမေ ကုလားရွာ နှင့် ဒူဝါးမြောင် ကုလားရွာ တို့နှင့် ထိစပ်နေသော နေရာတွင် လုံခြုံရေးတာဝန်ကျနေသည့် စစ်တပ်ယူနစ် အရာရှိဖြစ်သူ ဗိုလ်ကြီး၏ ဆိုင်ကယ်မှာ ညအချိန် ခိုးယူခြင်းခံရပြီး ပျောက်ဆုံးသွားခဲ့ရာ၊ အဆိုပါ ဗိုလ်ကြီးမှာ ရှက်ရှက်ဖြင့် တိုင်ချက်မဖွင့်ရဲဘဲ ဆိုင်ကယ်အသစ် တစ်စီးသာ ၀ယ်စီးနေရသည် ဟု ဆိုသည်။
မှန်းဆချက်များအရ ဆိုင်ကယ်ခိုးယူခြင်းကို ရခိုင်ဘက်ခြမ်းမှ သူခိုးများက လုပ်ပေးကာ ကုလားရွာဘက်သို့ ယူဆောင်သွားကာ ကုလားများက ၄င်းတို့ဘက်ခြင်းတွင် ဆိုင်ကယ်ကို ပုံဖျက်ခြင်းအား လုပ်ဆောင်သည် ဟု ဆိုသည်။
ထို့ကြောင့် ဆိုင်ကယ်ပျောက်သူများသည် စစ်တွေမြို့အတွင်း ၄င်းတို့၏ ဆိုင်ကယ်များအား လိုက်ရှာသော်လည်း မတွေ့ရခြင်း ဖြစ်သည် ဟု ဆိုသည်။

Coral Arakan News

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ