Related Posts Plugin for WordPress, Blogger...

အိန်္ဒိယ နိုင်ငံ က ဇနီးမောင်း နှံနှစ်ဦး ဟာ အသက် (၁၁) နှစ် အရွယ် မိန်းကလေးရဲ့ လိင် အင်္ဂါထဲကို ငရုတ် သီး တောင့် တွေ ထည့်ခဲ့ လို့ ဖမ်းဆီး ထိန်းသိမ်း ခြင်း ခံခဲ့ရ တယ်လို့ သိရပါ တယ်။ အသက် (၃၈) နှစ်အရွယ်ရှိ လက်ကိုင် ပုဝါရောင်းချသူ အန်ဆာရီနဲ့ ဇနီးဖြစ်သူ ဖာ ရက်တို့ဟာ အိမ်မှာ ခိုင်းစေဖို့ ခေါ်ထားတဲ့ အသက် (၁၁) နှစ်အရွယ် အမျိုးသမီးငယ်ကို ရိုက်နှက်ခြင်း၊ အစာငတ် ခံထားခြင်းတို့ကို လည်း ပြုလုပ်ခဲ့ပါ တယ်။ ဒီအမျိုးသမီးကို ဆီးသွားတဲ့အခါ နာကျင်မှုဖြစ်ပေါ်စေဖို့ ငရုတ်သီးတွေ အများအပြားကျွေးခဲ့ပြီး၊ မစား ဘူး လို့ ငြင်းဆိုတဲ့အခါ လိင်အဂဩထဲကို ငရုတ် သီးတောင့်တွေထိုးသွင်းနှိပ်စက်ခဲ့တာ ဖြစ်ပါ တယ်။ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ဝင်တစ်ဦးက အမျိုးသမီး လေးဟာ အမြဲတမ်း ရိုက်နှက်ခံ ရကြောင်း၊ ငရုတ်သီးတွေ အတင်းအကျပ် ကျွေးတာကို လက်မခံခဲ့လို့ လိင်အဂဩထဲ ငရုတ်သီးတောင့်တွေ ထည့်သွင်းခံရခြင်းဖြစ် ကြောင်း အမျိုးသမီး ရဲ့ အော်ဟစ်ငိုကြွေးသံ ပတ်ဝန်းကျင်က ကြားမှာစိုးသဖြင့် သီးချင်းသံ ကို အကျယ်ကြီးဖွင့်လှစ် ခဲ့ကြောင်း ပြော ကြား သွားခဲ့ပါတယ်။

အန်ဆာရီဟာ ဒီအမျိုးသမီးငယ်ကို ပေါင် (၁၅၀) နဲ့ ၀ယ်ယူထားတာဖြစ်ပါတယ်။ ၀ယ်ယူစဉ်က အိမ်မှာ ကျောင်းထားပေးမယ် လို့ ကတိပြုခဲ့ပေမယ့် နေအိမ်သို့ ရောက်လာ ပြီးတဲ့နောက်မှာ အစေခံ တစ်ဦးအဖြစ် ခိုင်း စေ ခဲ့ပါတယ်။ အိန်္ဒိယသတင်းဌာနတစ်ခုရဲ့ ဖော်ပြ ချက်အရ ဒီအမျိုးသမီးငယ်ဟာ ရိုက် နှက်ခံ ထားရမှုကြောင့် တစ်ကိုယ်လုံး ဒဏ်ရာတွေ ရရှိနေတယ်လို့ သိရပါတယ်။ အိန်္ဒိယနိုင်ငံမှာ ကလေးငယ်တွေ ဟာ အတင်း အဓမ္မ ခိုင်း စေမှု တွေနဲ့ ကြုံတွေ့နေရပြီး ဒီလိုမျိုး ရိုက်နှက်မှု တွေ မကြာ ခဏ ဖြစ်ပေါ်နေရတယ်လို့ သိရပါ တယ်။ အိန်္ဒိယ အစိုးရဟာ အသက် (၁၄) နှစ် အောက် ကလေးငယ် တွေကို ခိုင်းစေခြင်း မပြုဖို့ ၂၀၀၆ မှာ အမိန့် အာ ဏာ ထုတ်ထား ပေမယ့် နိုင်ငံရဲ့ လူဦးရေက (၁ ဒသမ ၂) ဘီလီယံအထိရှိတာမို့ ဆင်းရဲမွဲတေမှုကို ထိန်းချုပ်နိုင် စွမ်း မရှိတာကြောင့် ဒီပြဿနာ ကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ သိရပါ တယ်။
From: The Messenger

www.mmdailystar.com

Posted by Unknown on 6/12/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ