Related Posts Plugin for WordPress, Blogger...

ဘေဂျင်း မှာ ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ
  RNDP နဲ့ ALD တို့ ပေါင်းစည်းလိုက်တဲ့ ရခိုင်အမျိုးသား ပါတီက ခေါင်းဆောင် တွေကို တရုတ်ပြည် ကွန်မြူနစ်ပါတီက ဖိတ်ကြားတဲ့ အတွက် ခေါင်းဆောင် (၃) ဦး တရုတ်ပြည်ကို ထွက်ခွာမယ် လို့ သိရပါတယ်။

အရင် ရခိုင် နိုင်ငံရေး ပါတီတွေကို တရုတ်ပြည် အစိုးရ ကသာ ဖိတ်ကြားလေ့ ရှိပေမယ့် ဒီတကြိမ် မှာတော့ တရုတ်ပြည် ကွန်မြူနစ် ပါတီက တိုက်ရိုက် ဖိတ်ကြားပါတယ်။

ဒီခရီးစဉ်ကို ရန်ကုန် တရုတ်သံရုံးက တဆင့် ဖိတ်ကြား ပြီး ရခိုင် ပါတီနဲ့ အတူ NDF ပါတီ လည်း ဖိတ်ကြား ခံရတယ်လို့ တရုတ်ပြည် ခရီး လိုက်မယ့် ပါတီ ဗဟို အလုပ် အမှုဆောင် ကော်မီတီ ဝင် ဦးဦးလှစော က ဆိုပါတယ်။

အခု ခရီးစဉ်ဟာ ဇွန်လ ၁၆ ရက်နေ့ က ၂၅ ရက် နေ့ထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

ရခိုင်ခေါင်းဆောင် တွေ တရုတ်ပြည် ခရီးစဉ် အတွင်း ကူမင်းနဲ့ ဘေဂျင်း မြို့ တို့ကို သွားရောက် ကြမှာ ဖြစ်သလို အဲဒီမှာ ကွန်မြူနစ် ပါတီက ခေါင်းဆောင် တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ဟာ တရုတ်ပြည်ရဲ့ မြန်မာပြည် ထဲက ရင်းနှီးမြုပ်နှံမှု အများအပြား ပြုလုပ်ထားတဲ့ ပြည်နယ် တခု ဖြစ်သလို စီးပွားရေးနဲ့ စစ်ရေးအရပါ မဟာဗျူဟာ အရ အရေးပါတဲ့ ပြည်နယ် ဖြစ်တာကြောင့် ရခိုင် ခေါင်းဆောင် တွေကို ခုလို ခေါ်ယူတွေ့ဆုံ တာ ထူးခြားတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောဆိုပါတယ် ။

ဘီဘီစီ (မြန်မာပိုင်း)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ