ရန်ကုန်- ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃၀
လူနေရပ်ကွက်အချို့နှင့် စက်မှုဇုန်အချို့၌ ဇွန်လ ၁၅ ရက်တွင် အချိန်ပိုင်း
လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်ပေါ်မည်ဟု ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အား
ပေးရေး အဖွဲ့က ကြေညာထားသည်။
အချိန်ပိုင်းဓာတ်အားပေးဝေရေးသည် ဇွန်လ ၁၅ ရက်နံနက် ၈ နာရီမှ ညနေ ၃
နာရီအထိဖြစ်ပြီး သတ်မှတ်မြို့ နယ် များ၏ ရပ်ကွက်အချို့၊
စီအင်န်ဂျီဆိုင်အချို့နှင့် စက်မှုဇုန်အချို့တို့ကို
ယာယီလျှပ်စစ်ပြတ်တောက်မည်ဟု ကြေညာထားသည်။
ယင်းမြို့နယ်များမှာ ဒဂုံ (မြောက်)၊ ဒဂုံ(တောင်)၊ သင်္ဃန်းကျွန်း၊
တောင်ဥက္ကလာပ၊ ပုဇွန်တောင်၊ ဗိုလ် တထောင်၊ ဒဂုံ(ဆိပ်ကမ်း)၊ မရမ်းကုန်း၊
လှိုင်၊ စမ်းချောင်း၊ လသာ၊ သန်လျင်၊ ကျောက်တန်း၊ ဒလ၊ တွံတေး၊
ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ လက်ခုပ်ကုန်း၊ ကျိုက်ထော်၊
အင်းစိန်၊ ရွှေပြည်သာ၊ မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ လှည်းကူး၊ ထန်းတပင်၊
အင်းတိုင်၊ အဖျောက်၊ လှိုင်သာယာတို့ဖြစ်သည်။
ယင်းကဲ့သို့ အချိန်ပိုင်းဓာတ်အားပေးဝေရေးစနစ်ကျင့်သုံးခြင်းမှာ
လျှပ်စစ်ဓာတ်အားခွဲရုံများနှင့်
လိုင်းကြိုးများပြုပြင်ရေးလုပ်ငန်းများလုပ်ဆောင်မည်ဖြစ်သောကြောင့်ဟု
ကြေညာချက်တွင်ဖော်ပြထားသည်။
7Day DAILY

0 comments