Related Posts Plugin for WordPress, Blogger...

(indianexpress)
မွမ်ဘိုင်း- အိန္ဒိယနိုင်ငံ၏ ထိပ်တန်းဘောလိဝုဒ်သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်သော ပရစ်တီးဇင်တန်က အိန္ဒိယပရီးမီးယားလိဂ် (IPL) ခရစ်ကတ်ပြိုင်ပွဲတစ်ခု၌ ရည်းစားဟောင်း၏ လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်စော်ကားခြင်း၊ ဆဲရေးခြင်းနှင့် ခြိမ်းခြောက်ခြင်းတို့ကို ခံခဲ့ရသည်ဟု ရဲစခန်းတွင် တိုင်ချက်ဖွင့် ခဲ့ကြောင်း အိန္ဒိယရဲအရာရှိများက ဇွန်လ ၁၄ ရက်တွင် ပြောသည်။
သရုပ်ဆောင်မင်းသမီး ဇင်တန်နှင့် ၎င်း၏ ရည်စားဟောင်း Kings XI Punjab IPL အသင်းပိုင်ရှင် နက်စ်ဝါဒီယာသည် မေလ ၃၀ ရက်တွင် ၎င်းတို့အသင်း၏ ခရစ်ကတ်ပြိုင်ပွဲကို ကြည့်နေစဉ်အတွင်း စကားများခဲ့ပြီးနောက် နက်စ်ဝါဒီယာ၏ စော်ကားခြင်းကို ခံခဲ့ရသည်ဟု စွပ်စွဲထားသည်။
‘‘ဇွန်လ ၁၃ ရက်မှာ ဇင်တန်ရဲ့ တိုင်ကြားစာကိုရရှိခဲ့ပါတယ်။ သူတို့နှစ်ယောက် ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး စကားများပြီးတဲ့နောက်မှာ နက်စ်ဝါဒီယာက သူ့ကိုခြိမ်းခြောက်တယ်၊ တွန်းတယ်၊ ဆဲဆိုတယ်ဆိုပြီး ဇင်တန်က တိုင်ထားပါတယ်’’ဟု မွမ်ဘိုင်းမြို့ရဲအရာရှိတစ်ဦးက ပြောသည်။
‘‘ဒီကိစ္စက ကျွန်မအတွက် တကယ်မလွယ်ကူပါဘူး။ သူတစ်ပါးကို ဒုက္ခရောက်စေလိုတဲ့ဆန္ဒမျိုးလည်းမရှိဘူး။ ကျွန်မကိုယ် ကျွန်မကာကွယ်ဖို့နဲ့ ကျွန်မအတွက် ရပ်တည်ဖို့ပါပဲ’’ဟု ဇင်တန်က ဇွန်လ ၁၄ ရက်တွင် ပြော သည်။ ဇင်တန်၏ တိုင်ကြားချက်နှင့်ပတ်သက်၍ အံ့ဩမိကြောင်းနှင့် ဇင်တန်၏ စွပ်စွဲချက်များမှာ မှားယွင်းပြီး အခြေအမြစ်မရှိကြောင်း နက်စ်ဝါဒီယာက ဇွန်လ ၁၄ ရက်တွင် မီဒီယာထုတ်ပြန်ချက်တစ်ခု ပြုလုပ်ခဲ့သည်။
မွမ်ဘိုင်းရဲတပ်ဖွဲ့သည် ယင်းအမှုကို စတင်စုံစမ်းနေပြီဖြစ်သည်။ ပရစ်တီး ဇင်တန်နှင့် နက်စ်ဝါဒီယာတို့သည် ၂၀၀၉ ခုနှစ်တွင် ၎င်းတို့၏ ငါးနှစ်တာ ချစ်သူသက်တမ်းကို အဆုံးသတ်ခဲ့သည်။ သို့သော် ၎င်းတို့သည် Kings XI Punjab IPL အသင်းကို ပူးတွဲပိုင်ဆိုင်ပြီး စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ အဖြစ် ဆက်လက်ရှိနေခဲ့ကြသည်။

—Ref: AFP
www.7daydaily.com

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ