Related Posts Plugin for WordPress, Blogger...

လဝက ညွှန်မှူးတဦး လက်မှတ်ထိုးပြီး
 လေကြောင်းလိုင်းတွေကို ပေးပို့ထားတဲ့စာ
တစောင် အွန်လိုင်းထဲ ရောက်နေပါတယ်။
 ဇွန် ၄ ရက်စွဲတပ် ဒီစာကို ဇွန် ၁ဝ ရက်နေ့မှာ
 အွန်လိုင်းထဲ ကျယ်ကျယ်ပြန့်ပြန် ဖြန့်ဝေနေကြ
တာကို တွေ့ရမှာပါ။



စာထဲမှာ အမေရိကန်နိုင်ငံသား ၄ ဦးကို  မြန်မာပြည်အတွင်း တင်ဆောင်လာခြင်း မပြုရန် လို့ ရေးထားတာပါ။ အဲဒီ ၄ ဦးက Black List စာရင်းဝင်တွေလို့ ဆိုတယ်။
အဲဒီထဲမှာ ငါးနှစ်အရွယ်ကလေးငယ်ကိုလည်း တွေ့ရပါမယ်။ နာမည်က Washington Alexander ဖြစ်ပြီး မွေးရက်က ၁၈-၄-၂၀၀၉ ပါ။

ဒီကလေး ဘာကြောင့် Black List  ထဲ ရောက်နေရသလဲ။
ဒီကလေးက မြန်မာပြည်အတွက် ဘာများ အန္တရာယ် ရှိလို့လဲ။

 ဗိုလ်ချုပ်ကြီးတွေ နှစ်ပေါင်းများစွာ စီမံခန့်ခွဲခဲ့တဲ့နိုင်ငံ ဆိုတော့လည်း ဘယ်အရာမဆို ဖြစ်နိုင်တယ်လို့ ပြောရမလိုပါပဲ။ အခုပဲကြည့်...
ငါးနှစ်အရွယ်ကလေးငယ်ကို Black List  ထဲ သွင်းထားပါပြီ။ စာရွက်ထဲ ပါတဲ့  မိုးဟိန်း (ခ) Washington Roosevelt နဲ့ Washington Victoria တို့က ဒီကလေးရဲ့ မိဘတွေပါ။  အမေရိကန်နိုင်ငံသား ခံယူစဉ်မှာ ဒီနာမည်တွေကို ပြောင်းလိုက်ကြတာ ဖြစ်ပုံရပါတယ်။

စာထဲမှာ သူတို့ ၃ ယောက်အပြင် နောက်တယောက် ရှိပါသေးတယ်။ သူကတော့  Moe Thee Zun ပါပဲ။

သူတို့က မြန်မာပြည်ထဲမှာ လအတန်ကြာနေထိုင်ခဲ့သူတွေပါ။ မကြာသေးခင်ကမှ ဗီဇာသက်တမ်းကုန်ဆုံးပြီ၊ သက်တမ်းတိုးလို့ မရတော့ပါ ဆိုပြီး ထွက်သွားသူများပါ။

ပြန်ဝင်လာမယ်လို့ ဆိုတဲ့ သူတို့ကို  Black List စာရင်းထဲ ဘာကြောင့် ထည့်လိုက်သလဲ ဆိုတာကိုတော့ မသိရပါ။

လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ချုပ် ဦးမောင်မောင်သန်းကလည်း
Black List စာရင်းအကြောင်းကို မသိဘူးလို့ ဆိုပါတယ်။  သူတို့တွေ လေယာဉ်နဲ့ရောက်လာရင် ပြည်ပကို ပြန်ပို့ရမှာဖြစ်လို့ အချိန်ကုန် ငွေကုန်တယ်၊ ဒါကြောင့် တားမြစ်ထားကြောင်း စာထုတ်လိုက်ခြင်းပါလို့ ဆိုတယ်။

ဦးမိုးဟိန်းက သူရိယနေဝန်းဂျာနယ် ပဲ့ကိုင်ရှင်ဖြစ်ပြီး မကြာသေးခင်ကထုတ်တဲ့ သူ့ရဲ့ဂျာနယ်တစောင်မှာ မျက်နှာဖုံးကို  စစ်အင်္ကျီဝတ်ဆင်ထားတဲ့သူ့ဓာတ်ပုံနဲ့ ထုတ်ခဲ့ပါတယ်။  သူ မကြာခင် မြန်မာပြည်ပြန်ခဲ့မယ့်အကြောင်း မျက်နှာဖုံးမှာ ရေးပါတယ်။
Black List ထဲက သူ့နာမည်ကို ဖြုတ်ပေးဖို့ ကြာဦးမယ် ဆိုရင်တော့ မကြာခင် ပြန်ဝင်ရမယ်မဟုတ်ပါ။

ဦးမိုးသီးဇွန်ကတော့ မြန်မာနိုင်ငံသားဖြစ်ခွင့် ပြန်လျှောက်ထားခဲ့သူပါ။ မြန်မာပြည်မှာ နိုင်ငံရေးလုပ်မယ်လို့ တရားဝင် ကြေညာထားသူပါ။ ဗိုလ်ချုပ်ကြီးများက သူ့ကို အဲဒီလို စာရင်းထဲ သွင်းထားတဲ့အတွက် သူ့ရဲ့ မြန်မာနိုင်ငံသားပြန်ဖြစ်ခွင့်အိပ်မက်ကို ဆက်မက်ဖို့ ခက်ခဲနေပါလိမ့်မယ်။

မြန်မာပြည်ရဲ့ လက်ရှိ ဥပဒေအရ မြန်မာနိုင်ငံသားတယောက်ဟာ တခြားနိုင်ငံသား ခံယူခွင့် မရှိပါဘူး။ မြန်မာပြည်ကနေ ခွင့်ပြုချက်မဲ့ ထွက်ခွာသွားရင်လည်း နိုင်ငံသားအဖြစ်ကနေ ပျက်ပြယ်တယ်လို့ ပြဋ္ဌာန်းထားပုံပါပဲ။

ဗိုလ်ချုပ်ကြီးတွေ လွှတ်တော်တွေ ဘာတွေ ဖန်တီးပြီး "အပြောင်းအလဲတွေ" လုပ်ဆောင်တဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတော့ ပြည်ပရောက်မြန်မာပြည်သားတွေ ပြန်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အစိုးရရဲ့ လာပါ လာပါ ဆိုတဲ့ စကားကို သတိကြီးကြီးထားတဲ့သူ အများအပြားပါပဲ။ တချို့လည်း လာဖို့ ခက်နေသူတွေပါ။

လာပါ လာပါ ဖိတ်ခေါ်တဲ့ အစိုးရက ဧည့်သည်တချို့ကို Black List စာရင်းသွင်းလိုက်ပြန်ပါပြီ။  ဒီလိုသာဆိုရင်တော့ ဗိုလ်ချုပ်ကြီးတို့ အခုတမျိုး အခုတမျိုး လုပ်ပြန်ပြီလို့ ဆိုရပါမယ်။

(ဧရာဝတီ)

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ