Related Posts Plugin for WordPress, Blogger...

ပြည်၊ မေ၂၅

မော်ဒယ်လ် ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ဖျော်ဖြေသည့် Pool Party ကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပထမဆုံး အကြိမ်အဖြစ် မေ ၂၄ ရက်နေ့က ညနေပိုင်းမှ ညသန်းခေါင်ယံ အချိန်အထိ ပြုလုပ်ခဲ့ရာ အထူးဝင်ကြေး လက်မှတ်မှာ လူလေးဦးစာအတွက် ကျပ်ငွေနှစ်သိန်း၊ သာမန် လက်မှတ်အတွက် တစ်ဦးလျှင် ကျပ် ၇၀၀၀ ဖြင့် ဝယ်ယူခဲ့ရကြောင်း ယင်းပါတီ တက်ရောက်ခဲ့သူများထံမှ သိရသည်။

အဆိုပါ ပါတီကို နွေမိုးဆောင်း ရေကူးကန်တွင် ပြုလုပ်ခဲ့ပြီး ညနေ ၅ နာရီ မှ ၁၂ နာရီထိ ကျင်းပခဲ့ရာ အထူးဝင်ကြေး လက်မှတ်မှာ လူလေးဦး တစ်ဝိုင်းစာအတွက် ကျပ်ငွေနှစ်သိန်း၊ သာမန်လက်မှတ်အတွက် တစ်ဦးလျှင် ကျပ် ၇၀၀၀ သတ်မှတ်ထားကာ မော်ဒယ်လ် ဇွန်သင်ဇာနှင့် ဇာဇာထက်တို့က ဖျော်ဖြေသွားခဲ့သည်။

ပွဲစီစဉ်သူ တစ်ဦးဖြစ်သူ ကိုမိုက်ကိုက “VIP က ၂၀၊ ကျန်တာ လူ ၁၅၀ လောက် တက်တယ်။ မော်ဒယ်လ်တွေက Sexy အသားပေး ဖျော်ဖြေမှု အားနည်းတဲ့အတွက် တက်တဲ့သူတွေ အားရမှု နည်းတယ်။ လူကြီးပိုင်းတွေလည်း လာကြတယ်” ဟု The Voice သို့ ပြောဆိုသည်။

ပြည်မြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ပွဲဖြစ်သည့်အတွက် စားသောက်စရာများ ပေးသည့် အပိုင်းတွင် လိုအပ်ချက် ရှိပြီး လူငယ်သဘာဝ ပျော်ချင်သည့်အတွက် တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ မော်ဒယ်လ်များမှာ အတွင်းခံသာသာ ဝတ်စားထားကြောင်း ပါတီပွဲကို တက်ရောက်သည့် ကိုကျော်ဝင်းခိုင်က ဆိုသည်။

“ဌာနဆိုင်ရာ လူကြီးတွေလည်း လာတယ်။ လက်မှတ်တွေ သူတို့ကိုပါ ပေးထားရတယ်လို့ ပြောတယ်။ နောက်ပွဲတွေ လုပ်ဖြစ်ရင်လည်း သွားကြည့်မယ်” ဟု ၎င်းက ထပ်မံဆိုသည်။

ယခုကဲ့သို့ ပထမဆုံးအကြိမ် စီးပွားဖြစ် Pool Party ပြုလုပ်ရခြင်းကို လူလတ်ပိုင်း မြို့ခံတစ်ဦးက ခေတ်ရေစီးကြောင်းအရ ဖြစ်ပေါ်လာခြင်း ဖြစ်သည်ကို တားဆီးမရနိုင်သော်လည်း ကျောင်းသား လူရွယ်များ ပါဝင်မှု မရှိစေရန် မိဘ၊ ဆရာများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်း ထိန်းသိမ်းရန် လိုအပ်ကြောင်း မှတ်ချက်ပြု ပြောဆိုသွားသည်။........ 
 
http://www.oppositeyes.info

Posted by Unknown on 5/26/2014

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ