Related Posts Plugin for WordPress, Blogger...

i Pay ကတ်ဖြင့်သာ စီးနင်းနိုင်မည့် အဆင့်မြင့် အမြဲစိမ်း အထူးယာဉ်လိုင်း (၁) အား ဇူလိုင်လဆန်းတွင် အစီးရေ (၂၅) စီးဖြင့် စတင် ပြေးဆွဲ မည်ဖြစ်ကြောင်း Forever Green Right Service Compang Limited မှ မန်နေဂျင်း ဒါရိုက်တာ ဦးအေးထွန်းက ပြောသည်။
အခုပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ ထက် ယာဉ်စီးခ နည်းနည်းပဲ ပိုမယ်။ လေးရာ မကျော်ပါဘူး။ ဒဂုံတက္ကသိုလ်ကို အခြေပြုပြီး စတင်ပြေးဆွဲမှာ ဖြစ်ပါတယ်။ ဒီဘက်မှာ ယာဉ်မလုံလောက်မှုတွေ ရှိနေလို့ အခက်အခဲ တွေရှိနေကြတယ်။ အခုရပ်နားလိုက်တဲ့ ဟိုင်းလတ်ယာဉ်လိုင်းတွေ နေရာ မှာလည်း အစားထိုး ပြေးဆွဲပေးမှာပါ ဟု ၎င်း က ပြောသည်။
အဆိုပါ အဲကွန်းစီးတီးဘတ်စ် များဖြင့် ပြေးဆွဲမှုကို ကုန်လမ်းပို့ဆောင်ရေးနှင့် ယင်း ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ပြီး၊ ပထမဦးဆုံး ပြေးဆွဲမည့် ယာဉ်လိုင်းအား ဒဂုံ တက္ကသိုလ်- ဆူးလေလမ်းကြောင်း အတိုင်း ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။ ယခု ပြေးဆွဲမည့် ယာဉ်လိုင်းအား သီး သန့် Bus Stop များထားရှိနိုင်ရန် တင်ပြထားပြီး ပြေးဆွဲ မည့် လမ်းကြောင်းတွင် မှတ်တိုင် (၁၂) ခု ၀န်းကျင်သာ ထားရှိသွားမည် ဖြစ်ကြောင်းလည်း သိ ရသည်။


ယာဉ်မောင်းတွေကိုလည်း သတ်မှတ်မိုင် နှုန်းထက် ပိုမမောင်းဖို့ ထိန်းချုပ်ထားမယ်။ ယာဉ်တစ်စီးနဲ့ တစ်စီးကြားမှာ အချိန် ဘယ်လောက်ကွာ မယ်၊ ဘယ်အချိန် မှတ်တိုင် ရောက်မယ်ဆိုတာ သတ်မှတ်ထားမှာပါ။ BRT ရှေ့ ပြေးပုံစံမျိုးပေါ့ ဟု ဦးအေးထွန်းက ဆက်ပြော သည်။
အထူးယာဉ် Bus Stop တိုင်းတွင် i Pay အရောင်းစင်တာများထားရှိပေးသွားမည် ဖြစ်ပြီး၊ i Pay ကတ် အသုံးမပြုတတ်သူများ အတွက် ၀န်ဆောင်မှုပေးရန် ယာဉ်တစ်စီးတွင် ၀န်ထမ်းတစ်ဦး ထားရှိပေးသွားမည်ဖြစ်ကာ သတ်မှတ်ခုံ အရေအတွက်ထက် လူပို တင်ဆောင်ခြင်း မပြု ရန်လည်း ကန့်သတ်ထားမည် ဖြစ်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ်အတွင်း အမြဲစိမ်း အထူးယာဉ်လိုင်း သုံးလိုင်းအထိ တိုးချဲ့ရန် စီစဉ်ထားပြီး၊ ယာဉ်လိုင်းဝန်ထမ်း များကို အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ ခန့်အပ် တာဝန်ပေးသွားမည်ဖြစ်ကြောင်း Forver Green Right Service ကုမ္ပဏီမှ သိရသည်။

Messenger News Journal

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ