Related Posts Plugin for WordPress, Blogger...

From : .. ဗလ

 ယိုးဒယားနိုင်ငံတွင် အတိုက်အခံခေါင်းဆောင်ရဲ့ ခေါင်းမှာမှုကြောင့် ယိုးဒယား စစ်တပ် ဦးစီးချုပ် ပရာယွတ်ချန်အိုချာ မှ အတိုက်အခံခေါင်းဆောင် အား အကျယ်ချုပ် ချလိုက်ပြီး အာဏာ သိမ်းပစ်လိုက်ပါတယ်။ စစ်သားများစေလွှတ်၍ အတိုက်အခံ ခေါင်းဆောင်၏ နေအိမ်ကို ဝင်ရောက် ရှာဖွေမှုများ၊ ပစ္စည်းနှင့် စာရွက်စာတမ်းအများအပြားကို သိမ်းဆည်းမှုများကို ပြုလုပ်ခဲ့ပါတယ်။ စစ်ဦးစီးချုပ် ပရာယွတ်ချန်အိုချာ က တပ်မတော်မှ နိုင်ငံတော် အာဏာ သိမ်းလိုက်ပြီဖြစ်ကြောင်းနဲ့ ၎င်းကိုယ်တိုင်မှာ ကြားဖြတ် ဝန်ကြီးချုပ်ဖြစ်ကြောင်း မေလ ၂၂ ရက်နေ့ ညနေ ၄ ၃ာရီ ခွဲက ရုပ်မြင်သံကြားမှတဆင့် တစ်နိုင်ငံလုံးသို့ ကြေညာခဲ့ပါတယ်။ 

ဝန်ကြီးချုပ်ဟောင်း ယင်လက်ရှင်နာဝပ် အပါအဝင် အဖွဲ့အစည်းနဲ့ ပါတီပေါင်းစုံမှ ခေါင်းဆောင်များ စစ်တပ်ထံ သတင်းလာပို့ရမည် ဟု ဆင့်ခေါ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ယင်လက် အပါအ၀င် ဖြုတ်ချခံအစိုးရခေါင်းဆောင်များ နှင့် အခြားထင်ရှားသူ ၁၅၅ ဦးကို နိုင်ငံမှ ထွက်ခွာခွင့် ပိတ်ပင်လိုက်ကာ စစ်တပ်က စောင့်ကြည့်နေပါတယ်။ အခြေခံဥပဒေနဲ့ ပါလီမန် အားလုံး ဖြတ်သိမ်းထားပြီး ဖြစ်ကာ မီဒီယာအားလုံးကိုလည်း စစ်တပ်က ထိန်းချုပ်ထားပါတယ်။ ရုပ်သံလိုင်းများမှာ စစ်သီချင်းများ ဆက်တိုက်လွှင့်နေပြီး ဂျာနယ်နှင့် သတင်းစာတိုက်များမှာ လက်နက်အပြည့်အစုံနဲ့ စစ်သားတွေက စောင့်ကြည့်နေကြပါတယ်။ စစ်တပ် မကြိုက်တဲ့ Website နဲ့ Facebook တွေကို ပြည်တွင်းမှာ ဖွင့်လို့မရအောင် Block လိုက်တဲ့အပြင် စစ်တပ်မကောင်းကြောင်း မတင်ဖို့ မီဒီယာများကို တရားဝင် သတိပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ အတိုက်အခံခေါင်းဆောင်နဲ့ စစ်တပ် ဦးစီးချုပ်တို့ သဘောထား ကွဲရာမှ စစ်မီးတောက်လောင်နေချိန်မှာ အိမ်နီးချင်းမြန်မာနိုင်ငံမှာလည်း အတိုက်အခံခေါင်းဆောင်က စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စိန်ခေါ်ထားပြီး လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေလုပ်ဖို့ အရိပ်အမြွတ်ပြောဆိုခဲ့ပါတယ်။ လာမယ့် ၂၇ ရက်နေ့ စစ်တပ်ဦးစီးချုပ် ရုံးစိုက်ရာ နေပြည်တော်အထိ သွားရောက်ကာ စစ်တပ်ကို ဝေဖန်တိုက်ခိုက်ပြောဆိုမယ်လို့ သိရှိရပြီး ယိုးဒယားက စစ်မီး မြန်မာကို ကူးလာတော့ မလားဆိုတာ နိုင်ငံတကာက စိတ်ဝင်စားနေကြပါတယ်။

ပြီးခဲ့တဲ့ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့က အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောဆိုချက်များကို လုံးဝ သဘောမကျကြောင်း ဗိုလ်မှူးကြီးအဆင့်ရှိ စစ်တပ်အဆင့်မြင့် ပုဂ္ဂိုလ်များက မီဒီယာများကို အတိ အလင်းဖြေကြား ထားမှုတွေရှိခဲ့ပြီး နေပြည်တော် စစ်ရုံးတွင်းမှာ လည်း အရေးပေါ် အစည်းအဝေးတွေကို ၂ ရက်ဆက်တိုက် တံခါးပိတ် ကျင်းပနေတယ်လို့ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ လာသော သတင်းများအရ သိရပါတယ်။

နိုင်ငံရေး ပါတီခေါင်းဆောင် အများစုကလည်း စစ်တပ်ကို ပုဒ်ခတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အတွက် အခြေ အနေ မကောင်းနိုင်ကြောင်းနဲ့ အေးအေးဆေးဆေးနေတဲ့ စစ်တပ်ကို မပုပ်ခတ် သင့်ကြောင်း အင်တာဗျူး များမှာ ဖြေကြား ခဲ့ကြပါတယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သမ္မတမလုပ်ရလို့ မကျေနပ်နေတာတွေကို ‘တပ်မတော်’ ဟု သုံးနှုံးကာ အခြေခံစစ်သည် ရဲဘော်မှစပြီး အခွင့်ထူးခံနေတယ်လို့ မဆီမဆိုင် စွတ်စွဲပြောဆိုခဲ့တာကြောင့် တပ်မတော်သား အများအပြားက တင်းမာလျှက်ရှိပြီး မတရားစွတ်စွဲချက် များအတွက် ပြန်လည်တောင်းပန် ရန် ရေးသားတောင်းဆို မှုတွေပြုလုပ် ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံးမှသော် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန မှသော်လည်းကောင်း တစ်စုံတစ်ရာ တုန့်ပြန်ခြင်း မရှိပဲ ငြိမ်နေခြင်းဟာ ပိုပြီး ကြောက်စရာကောင်းတယ် လို့ လွှတ်တော်အမတ်များက သုံးသပ်ကြပြီး ဒေါ်အောင်ဆန်း စုကြည် နေပြည်တော် ခရီးစဉ် မတိုင်ခင်သော်လည်းကောင်း၊ ခရီးစဉ်အပြီး၌သော်လည်းကောင်း တစ်ခုခု ထူးခြားလိမ့်မယ်လို့ ယူဆနေကြပါတယ်။ 

ယိုးဒယား အခက် ဖြစ်နေချိန်မှာ မြန်မာနိုင်ငံမှာလဲ အခက် ကြုံနေချိန်ဖြစ်တဲ့ အပြင် လက်တလောမှာ အတိုက်အခံနဲ့ စစ်တပ်အကြား အစာမကြေမှုတွေ ပြင်းထန်နေတာကြောင့် လောင်စာက ရှိနေပြီဖြစ်ရာ ယိုးဒယား စစ်မီး မြန်မာပြည်ကို အချိန်မရွေး ကူးလာနိုင်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူများက သုံးသပ်လျှက် ရှိကြပါတယ်။

.. www.MyanmarExpress.net

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ