Related Posts Plugin for WordPress, Blogger...

ကိုယ့်ကို ထောက်ခံသူတွေ ကိုယ့်ကို လေးစားသူတွေ ပဲ ကိုယ့်ဘေးမှာရှိနေတော့က.... ဘာပြောပြော ဘယ်သူကများ ကန့်ကွက်မှာလည်း......အဲ့တော့ သူပြောတာတွေက အလုံးစုံမှန်နေတယ်ထင်တော့
တာပေါ့......ကိုယ့်ပတ်ဝန်ကျင်က လူတွေအားလုံး (စာနယ်ဇင်းသမားတွေအပါ) ကိုယ့်ကို လေးစားလွန်နေတာက ဒေါ်စုရဲ့ ပထမ အားနည်းချက်ပါ......

ဟောပြောပွဲတိုင်းမှာ လက်တန်းပြောရင်းပြောရင်း အမှားတွေပါသွားတာ..... ဘာပြောပြော လက်ခုပ်တီးသူတွေကြောင့် စိတ်တွေကြွလာပြီး မိမိပြောသင့်တာထက် ပိုသွားတာ ........ ပြောမယ့်စကားလုံးရွှေးချယ်မှုကို စနစ်တကျ စဉ်းစားမထားပဲ လက်တန်းပြောတာ ...... တစ်ချို့ နိုင်ငံခြားသားတွေ အကြံပြုတဲ့ စကားလုံးကို တိုက်ရိုက် ဘာသာပြန်လိုက်တာ.........ဒါကလည်း အားနည်းချက်ပါ.......


၂၀၁၂ ကြားဖြတ်မှာ အရည်အချင်းရှိတဲ့ အမတ်တွေ ကို လွှတ်တော်ထဲ ဆွဲမခေါ်နိုင်သလို... လွှတ်တော်တွင်းရော လွှတ်တော်ပြင်ပမှာပါ သူရွှေးချယ်ထားသူတွေက အားကိုလို့ မရတာ..... ဒါကလည်း အားနည်းချက်တစ်ခုပါ........

သူသာလျှင်အသိဆုံးအတတ်ဆုံးထင်ပြီး နိုင်ငံရေးပညာရှင်တွေ (မြန်မာလူမျိုး) ကို အနားကပ်မထားတာ (နေရာလုခံရမှာကြောင့် အနားကပ်လို့မရအောင် လုပ်ခံထားရတာ)ဟာလည်း လက်တလောအားနည်းချက်ပါ.......

သူ့နေရာကို ဆက်ခံမယ့်သူစဉ်းစားရာမှာ ခေါကြီးတို့ အဖွဲ့ကိုများ စဉ်းစားနေတာလား လို့ ထင်လာရာမှာ အတွင်းမှာ အုပ်စုတွေ ကွဲလာခြင်းကလည် အားနည်းချက်ပါပဲ.....
တစ်ကယ်တော့ ၈၈ အဖွဲ့ဟာ လုပ်ရင်းမှားထားတာတွေ ... နိုင်ငံရေးပညာရှင်တွေ ...မြို့နေလူတန်စားတွေ...လက်မခံတဲ့ အချက်တွေ ရှိနေပါတယ်....

တပ်မတော်ကို လက်စားချေ မယ် ဆိုတဲ့ စိတ်အခံရှိနေတာကတော့ မဟာအမှားပါပဲ..
ဒါကလည်း သူ့သဘောထားတင်မကသလို သူ့ပါတ်ဝန်းကျင်က လူတွေအားလုံး. ....အောက်ခြေ ပါတီအထိ ဆိုင်ရာဆိုင်ရာကို လက်စားချေ ချင်နေတာဟာလည်း...ဘယ်တော့မှ ငြိမ်းချမ်းတဲ့ နိုင်ငံရေးကို မရောက်နိုင်ပါဘူ.....

နောက်ဆုံးအချက်ကတော့ သူ့နောက်ကွယ်က လက်မည်းကြီးတွေ ပါပဲ.........ဒါဟာ မြန်မာပြည်က ရဟန်းရှင်လူ ပြည်သူတွေအတွက် စိုးရိမ်စရာ အချက်ဖြစ်သလို ဒေါ်စု အတွက် အခန့်မသင့်ရင် ကိုယ်သေတွင်းကို သူကိုယ်တိုင် တူးသွားနိုင်ပါတယ်.....

......မိုး ဟိန်း ......
http://www.oppositeyes.info 

0 comments

Post a Comment

Related Posts Plugin for WordPress, Blogger...

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

ကလောင်သွေးထက်စေရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံသို့ လွှမ်းမိုးမှုရှိနိုင်ပါသလား

တိုင်းရင်းသားဖြစ်ဖို့ တိုက်တွန်းခဲ့ရဲ့လား

သန်းခေါင်စာရင်း စစ်ကြသူများ

အချုပ်အခြာအာဏာအား စိမ်ခေါ်ခြင်း

အမျိုးသားဥပေးမူကြမ်း

ရခိုင်ပြည်ကို မလာပါနဲ့

Sensitive Area မောင်တော

ဘာကြောင့် သမ္မတ မဖြစ်စေချင်တာလဲ

ရိုဟင်ဂျာကို ခုတုံးလုပ် လေသလား

သမိုင်းတရားခံ ဖြစ်သွားနိုင်သည့် ၉၁၄

သမိုင်းရှုထောင့်မှ လှမ်းကြည့်ခြင်း

လုပ်စားနေသော သတင်း ဌာနများ

သောက်သုံးမကျ သော နိုင်ငံရေးလုပ်စား

Labels

Arakan Express Daily


Arakan Express Daily

Popular Posts

ရောက်တတ်ရာရာနေရာများ